Apr 30, 2021
၁။ နိုင်ငံတော်၏အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းများအား CDM လှုပ်ရှားမှုတွင် ပါဝင်စေရန် လှုံ့ဆော်ခြင်း၊ CRPH မတရားအသင်းအား ထောက်ခံသည့် အကြောင်းအရာများ၊ မမှန်သတင်းများအား ဖြန့်ဝေခြင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေပြီး ဆူပူအုံးကြွမှု ဖြစ်ပေါ်စေရန်နှင့် အများပြည်သူ အထိတ်တလန့်ဖြစ်စေရန်အတွက် သွေးထိုး လှုံ့ဆော်မှုများပြုလုပ်ခြင်း၊ Social Punishment ပြုလုပ်ခြင်းများကို လှုမှုကွန်ရက်စာမျက်နှာများတွင် ရည်ရွယ်ချက်ရှိရှိ ဖော်ပြခြင်းနှင့် ဖြန့်ဝေခြင်းများ ဆောင်ရွက်လျက်ရှိသည့် အောက်ပါကျောင်းသားသမဂ္ဂအဖွဲ့ဝင်များနှင့် အခြား ပါဝင်ပတ်သက်သူများအား ရာဇသတ်ကြီး ပုဒ်မ ၅၀၅ - က ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်အပ်ပါသည်။
Apr 30, 2021
နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ဆရာဝန်များအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် (၂၉-၄-၂၀၂၁)
Apr 30, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ အပတ်စဉ် သတင်းစာရှင်းလင်းပွဲကို ယနေ့နေ့လယ်ပိုင်းတွင် Video Conferencing ပြုလုပ်ပြီး သတင်း မီဒီယာများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့သည်၊၊
Apr 30, 2021
လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့၏ ပထမ အကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။
Apr 30, 2021
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးသည် ကရင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင် များကို ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
Apr 29, 2021
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့ နံနက် ၁၀ နာရီတွင် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)အတွင်း လုပ်ငန်းဆောင်ရွက်မှု များကို ကြည့်ရှုစစ်ဆေးသည်။
Apr 29, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်းသည် ယနေ့ နံနက် ၁၀ နာရီ တွင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃) စုပေါင်းခန်းမ၌ လည်းကောင်း၊ နံနက် ၁၁ နာရီတွင် ရုံးအမှတ် (၅၂)၊ အစည်းအဝေး ခန်းမ၌လည်းကောင်း ဝန်ကြီးဌာနမှ အရာထမ်းများနှင့် တွေ့ဆုံ အမှာစကား ပြောကြားသည်။
Apr 29, 2021
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏သတင်းထုတ်ပြန်ချက် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၉ ရက်
Apr 29, 2021
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ နည်းပညာ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၊ သိပ္ပံနှင့် ကျောင်းများမှ သင်ကြားရေးဆရာ/ ဆရာမများအားလုံးနှင့် စီမံဝန်ထမ်းများအားလုံးတို့သည် မိမိတို့၏ လုပ်ငန်းခွင်သို့ မေ ၃ ရက် နောက်ဆုံးထား၍ မပျက်မကွက် (မပျက်မကွက်) ဝင်ရောက်ကြရန် ပညာရေးဝန်ကြီးဌာနကအသိပေးထားကြောင်း သတင်းရရှိသည်။
Apr 29, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူများ လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် တရားဥပဒေစိုးမိုးရေးကို ဥပဒေနှင့်အညီဆောင်ရွက်လျက် ရှိသည်။