Mar 25, 2021
စက်ရုံများ မီးလောင်ပျက်စီးခဲ့သည့်အတွက် အလုပ်လက်မဲ့ ဖြစ်သွားကြရသည့် အလုပ်သမားများ လူမှုဖူလုံရေး ထောက်ပံ့ငွေများ လျှောက်ထားနိုင်ကြောင်း သက်ဆိုင်ရာ ဝန်ကြီးဌာနက ကြေညာသည်။ လူမှုဖူလုံရေးအဖွဲ့တွင် မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားများ ထောက်ပံ့ငွေ လျှောက်ထားကြရမှာဖြစ်သည်။ စက်ရုံပေါင်း ၁၈ ရုံ မီးရှို့ခံ ခဲ့ရပြီး အလုပ်လက်မဲ့ဖြစ်ခဲ့ရသည့် အလုပ်သမားအများစုမှာ အမျိုးသမီးများ ဖြစ်ကြသည်။ ကိန်းဂဏန်း များအရ အမျိုးသား ၂၂၂၉ ဦး၊ အမျိုးသမီး ၁၃၄၂၈ ဦး စုစုပေါင်း ၁၅၆၅၇ ဦး အလုပ်လက်မဲ့ခဲ့ရပြီဖြစ်ရာ သူတို့၏ နောက်ကွယ်တွင် မှီခို နေကြသည့် မိသားစုများ မည်မျှဒုက္ခအခက်အခဲတို့နှင့် ရင်ဆိုင်ကြရဦးမည်နည်း။ အနာဂတ်နေ့ရက်များကို မည်သို့ ဖြတ်သန်းကြမည်နည်း။ ။
Mar 24, 2021
၂၀၂၁ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့ နံနက် ၄ နာရီ ၅ မိနစ်အချိန်ခန့်တွင် အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်၊ အင်းစိန်လမ်းမကြီးပေါ်ရှိ မြောက်ပိုင်းခရိုင်၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးအား အင်းစိန် လမ်းမကြီး အတိုင်းမောင်းနှင်လာသော ယာဉ်အမှတ်(စိစစ်ဆဲ) Landcruiser ယာဉ်ပေါ်ပါ အမျိုးသား ၂ ဦး (စိစစ်ဆဲ)မှ မီးပုလင်းဖြင့် အကြောင်းမဲ့ရန်ပြုပစ်ပေါက်ကာ မရမ်းကုန်းမြို့နယ်ဘက်သို့ ပြန်လည်မောင်းနှင် ထွက်ပြေး သွားခဲ့ပါသည်။
Mar 24, 2021
အကြမ်းဖက်ဆန္ဒပြရာတွင် ပါဝင်သောလူငယ်များအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုနှင့် ချိတ်ဆက်၍ ဖောက်ခွဲရေးသင်တန်း တက်ရောက်ရန် သွားရောက် မည်ဖြစ်ကြောင်း တာဝန်သိပြည်သူ တစ်ဦး၏ သတင်းပေးပို့ချက်အရသတင်း ရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာနယ်မြေများအလိုက် လုံခြုံရေး လုပ်ငန်းများအား အထူးကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
Mar 24, 2021
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆူပူဆန္ဒပြခဲ့သူများအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီး ထိန်းသိမ်းထားခဲ့ရာ ယနေ့ မတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းက အင်းစိန်မြို့နယ်ရှိ အင်းစိန် ဗဟိုအကျဉ်း ထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားခဲ့သူ ၆၂၈ ဦးအား လွှတ်ပေးခဲ့သည်။
Mar 24, 2021
၂၀၂၁ ခုနှစ် မတ်လ ၂၄ ရက်နေ့ နေ့လည် ၁၁ နာရီ ၄၀ မိနစ်အချိန်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုရန်အတွက် လက်နက်ကိရိယာများ ပြုလုပ် နေကြောင်းသတင်းအရ ရန်ကင်းမြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ မြနန္ဒာလမ်း၊ ခြံအမှတ် (၄၄၉)ရှိ မင်းလွင်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့ပါသည်။
Mar 24, 2021
၂၀၂၁ ခုနှစ် မတ် ၂၄ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုရန်အတွက် လက်နက် ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းထားရှိကြောင်း သတင်းအရ မကွေးမြို့၊ မဲထီးလမ်းနှင့် သစ္စာလမ်းထောင့်ရှိ ယခင်လက်နက်မှုဖြင့်ထောင်ကျဘူးသူ
Mar 24, 2021
နေပြည်တော်၊ မတ် ၂၄ ၂၀၂၁ ခုနှစ် မတ်လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ဘီးလင်းမြို့၊ ဘိုးလှကြီးရပ်ကွက်၊ နွယ်နီလမ်းနေ နိုင်ဝင်း(ခ)ကုလား (၂၈)နှစ် (ဘ) ဦးပြည်သိမ်းသည် လက်လုပ်သေနတ်များ ကိုင်ဆောင်နေကြောင်း သတင်းရရှိသဖြင့် ဖမ်းဆီးစစ်ဆေးဖော်ထုတ်ချက်အရ ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်၊ သီတာအောက်လမ်းနေ အောင်ကိုကိုမြင့်(တိမ်းရှောင်) (၂၆)နှစ် (ဘ) ဦးသိန်းဟန်၏ နေအိမ်အားဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းနေအိမ် အတွင်းမှ အရှည် ၄ ပေ ၅လက်မခန့်ရှိ ဘောစိဖြင့်ပစ်ခတ်ရသော လက်လုပ်သေနတ် ၁ လက်၊ အရှည် ၂ ပေ ၆ လက်မခန့်ရှိ သစ်သားဒင် ၁ ချောင်း၊ အလျား ၃.၅ လက်မခန့်ရှိ သံစပရိန် ၁
Mar 24, 2021
(၂၃-၃-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီမှ (၂၄-၃-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီအတွင်း ဓာတ်ခွဲ နမူနာစုစုပေါင်း (၂,၀၃၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ် (၂၃) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၅၂၈,၇၇၉) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲ အတည်ပြု လူနာ စုစုပေါင်း (၁၄၂,၃၁၅) ဦး ရှိပြီ ဖြစ်ပါသည်။
Mar 24, 2021
၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သော (၇၆)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ပါဝင်ချီတက်စစ်ရေးပြကြမည့် စစ်ရေးပြ စစ်ကြောင်းကြီးများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် စစ်ရေးပြကွင်း၌ ဝတ်စုံပြည့်စစ်ရေးပြလေ့ကျင့်မှုများကို ဆောင်ရွက်ကြသည်။
Mar 24, 2021
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ် အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။