နေပြည်တော် မတ် ၂၂
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) ၏ နှစ်လဲ သက်တမ်းတိုး ယာဉ်မှတ်ပုံတင်လုပ်ငန်းများကို မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်ရုံး စုစုပေါင်း (၅၂) ရုံး၌ ယနေ့မှ စတင်၍ ပြန်လည်လက်ခံ ဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့ လုပ်ငန်းဆောင်ရွက်မှုအနေဖြင့် စုစုပေါင်း သက်တမ်းတိုး မော်တော်ယာဉ်ပေါင်း (၁၃၁၄)စီး၊ သက်တမ်းတိုး မော်တော်ဆိုင်ကယ် (၂၂၃၀)၊ နယ်ဝင်/နယ်ထွက် ယာဉ်(၂၅၉)စီးနှင့် အမည်ပြောင်းယာဉ် (၃၁၅)စီး လာရောက်ဆောင်ရွက်ခဲ့ကြကြောင်း၊ ကညနအနေဖြင့် လုပ်ငန်းလာရောက်ဆောင်ရွက်သူ ပြည်သူများအား အဘက်ဘက်မှ အဆင်ပြေစွာ လက်ခံဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ COVD-19 ကြောင့် ဒုတိယအကြိမ်အဖြစ် လုပ်ငန်းရပ်ဆိုင်းထားခဲ့ရသည်မှာ (၆)လကျော် ကြာမြင့်ခဲ့ပြီဖြစ်သည့်အတွက် လုပ်ငန်း ကြွေးကျန်များကို အချိန်မီ လက်ခံဆောင်ရွက်ပေးသွားနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
နှစ်လဲသက်တမ်းတိုးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ချိန်မှ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလကုန်အထိ ဖြေလျှော့ကာလအတွင်း ၉/၂၀၂၁ လအထိ သက်တမ်းကုန်ဆုံးသည့် ယာဉ်များအားလုံးကို သက်တမ်းတိုးခြင်း၊ နယ်ဝင်/နယ်ထွက်ခြင်း /အမည် ပြောင်းခြင်းများ ဆောင်ရွက်ရာ၌ ယာဉ်စစ်ဆေးခြင်းမပြုဘဲ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ရုံးများသို့ ယာဉ်ယူဆောင်လာရန် မလိုဘဲ သက်ဆိုင်ရာ စာရွက်စာတမ်း အထောက်အထားများဖြင့် လာရောက်လုပ်ငန်းဆောင်ရွက်နိုင်ကြောင်း သိရှိရသည်။
သတင်းစဉ်
နောက်ဆုံးရသတင်းများ

24 Jun, 2025