Skip to main content

(၇၆)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ ပါဝင်ချီတက် စစ်ရေးပြကြမည့် စစ်ရေးပြ စစ်ကြောင်း ကြီးများ ဝတ်စုံပြည့်စစ်ရေးပြလေ့ကျင့်

နေပြည်တော် မတ် ၂၄ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သော (၇၆)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ပါဝင်ချီတက်စစ်ရေးပြကြမည့် စစ်ရေးပြ စစ်ကြောင်းကြီးများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် စစ်ရေးပြကွင်း၌ ဝတ်စုံပြည့်စစ်ရေးပြလေ့ကျင့်မှုများကို ဆောင်ရွက်ကြသည်။ ဝတ်စုံပြည့် စစ်ရေးပြလေ့ကျင့်မှုတွင် စစ်ရေးပြမှူးကြီး ဗိုလ်ချုပ် စိုးမင်းဦး ဦးဆောင် သည့် အနော်ရထာ စစ်ကြောင်း၊ ကျန်စစ်သားစစ်ကြောင်း၊ ဘုရင့်နောင်စစ်ကြောင်း၊ အောင်ဇေယျစစ်ကြောင်း၊ ဆင်ဖြူရှင်စစ်ကြောင်း၊ ဗန္ဓုလစစ်ကြောင်းနှင့် အောင်ဆန်း စစ်ကြောင်းတို့ ပါဝင်ကြပြီး စစ်ရေးပြကွင်းအတွင်းသို့ တပ်မတော် စစ်တီးဝိုင်း အဖွဲ့ များ၏တီးခတ်မှုနှင့်အတူ စစ်ချီသီချင်းများသီဆို၍ ညီညာစွာချီတက်ကြပြီး စစ်ရေးပြ အခမ်းအနား အစီ အစဉ်များအတိုင်း လေ့ကျင့်ဆောင်ရွက်ကြသည်။ ထိုသို့ လေ့ကျင့်နေမှုများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အတူ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ တပ်မတော်နေ့ ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး အပါအဝင် တပ်မတော်အရာရှိကြီးများ၊ တပ်မတော်နေ့ကျင်းပရေး စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ နေပြည်တော် တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မျိုးတင် နှင့် တာဝန်ရှိသူများက တက်ရောက်ကြည့်ရှုစစ်ဆေးကြသည်။ စစ်ရေးပြ လေ့ကျင့်မှုအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က လိုအပ် သည်များကို တာဝန်ရှိသူများ နှင့်ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။ အဆိုပါစစ်ရေးပြအခမ်းအနားတွင် တပ်မတော်(ကြည်း၊ရေ၊လေ)နှင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့တို့မှ အရာရှိ၊ စစ်သည်များ၊ အမျိုးသမီးတပ်ဖွဲ့ဝင်များ၊ ရေတပ်အထူး စစ်ဆင်ရေးတပ်ဖွဲ့ဝင်များ (NavySEALs)၊အမျိုးသမီး အထူးတပ်ဖွဲ့ဝင်များ၊ တပ်မတော် (ကြည်း) ယန္တရားတပ်ဖွဲ့ဝင်များ၊ တပ်မတော်(ရေ)ယန္တရားတပ်ဖွဲ့ဝင်များ၊ တပ်မတော် (လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များ ပါဝင်ခဲ့ကြပြီး တပ်မတော် စတင်ဖွဲ့စည်းသည့် လွတ်လပ်ရေး ကြိုးပမ်းမှု ကာလမှ ၁၉၇၀ ပြည့်နှစ်ထိ ငွေရတု ကာလ၊ ၁၉၇၀ ပြည့်နှစ်မှ ၁၉၉၅ ခုနှစ်ထိ ရွှေရတုကာလ၊ ၁၉၉၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ စိန်ရတုကာလအတွင်း မြန်မာ့တပ်မတော်၏ အဆင့်ဆင့်ပြောင်းလဲ ဝတ်ဆင်ခဲ့သည့် တံဆိပ်၊ ယူနီဖောင်းများဝတ်ဆင်ကာ ခေတ်အဆက်ဆက်အသုံးပြုခဲ့သည့် စစ်လက်နက် ပစ္စည်းများမှသည် ယနေ့ခေတ် ခေတ်မီတပ်မတော် တည်ဆောက်ရေးအတွက် ပြောင်းလဲဆန်းသစ်လာသည့် စစ်လက်နက် ပစ္စည်းများ နှင့်အတူ ခေတ်သုံးခေတ်ကို ထင်ဟပ်ပုံဖော်ကာလေ့ကျင့်ခဲ့ကြကြောင်း သတင်းရရှိသည်။