Skip to main content

အင်းစိန်ဗဟိုအကျဉ်းထောင်မှ ထိန်းသိမ်းထားသူ ၆၂၈ ဦးအား ယနေ့ နံနက်တွင် လွှတ်ပေး

နေပြည်တော်၊ မတ် ၂၄ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆူပူဆန္ဒပြခဲ့သူများအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီး ထိန်းသိမ်းထားခဲ့ရာ ယနေ့ မတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းက အင်းစိန်မြို့နယ်ရှိ အင်းစိန် ဗဟိုအကျဉ်း ထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားခဲ့သူ ၆၂၈ ဦးအား လွှတ်ပေးခဲ့သည်။ ထိုသို့ လွှတ်ပေးရာတွင် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီး ဝင်းတင့် က ဆုံးမစကားများ ပြောကြားပြီး မော်တော်ယာဉ်များဖြင့် ပြန်လည်စေလွှတ် ခဲ့ကြောင်း သိရှိရသည်။