Skip to main content

ဝိုင်းဝန်း၍ ပါဝင်ပါလျှင် လျင်မြန်စွာပြီးမြောက်အောင်မြင်

စက်ရုံများ မီးလောင်ပျက်စီးခဲ့သည့်အတွက် အလုပ်လက်မဲ့ ဖြစ်သွားကြရသည့် အလုပ်သမားများ လူမှုဖူလုံရေး ထောက်ပံ့ငွေများ လျှောက်ထားနိုင်ကြောင်း သက်ဆိုင်ရာ ဝန်ကြီးဌာနက ကြေညာသည်။ လူမှုဖူလုံရေးအဖွဲ့တွင် မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားများ ထောက်ပံ့ငွေ လျှောက်ထားကြရမှာဖြစ်သည်။ စက်ရုံပေါင်း ၁၈ ရုံ မီးရှို့ခံ ခဲ့ရပြီး အလုပ်လက်မဲ့ဖြစ်ခဲ့ရသည့် အလုပ်သမားအများစုမှာ အမျိုးသမီးများ ဖြစ်ကြသည်။ ကိန်းဂဏန်း များအရ အမျိုးသား ၂၂၂၉ ဦး၊ အမျိုးသမီး ၁၃၄၂၈ ဦး စုစုပေါင်း ၁၅၆၅၇ ဦး အလုပ်လက်မဲ့ခဲ့ရပြီဖြစ်ရာ သူတို့၏ နောက်ကွယ်တွင် မှီခို နေကြသည့် မိသားစုများ မည်မျှဒုက္ခအခက်အခဲတို့နှင့် ရင်ဆိုင်ကြရဦးမည်နည်း။ အနာဂတ်နေ့ရက်များကို မည်သို့ ဖြတ်သန်းကြမည်နည်း။ ။ ငြိမ်းချမ်းစွာဆန္ဒပြမှုများ၊ အကြမ်းဖက်ဆူပူမှုများ၊ မင်းမဲ့ စရိုက်အုပ်စုဖြင့် အကြမ်းဖက်မှုများ၊ လက်နက်ကိုင် အကြမ်းဖက် တိုက်ခိုက်မှုများ စသည့်အဆင့်ဆင့်သော သပိတ်စုံ၍ သူပုန် ထသည့်အထဲတွင် အပြစ်မဲ့သူ မြေစာပင် များစွာတို့ အသက် ဆုံးရှုံးကြရ၊ ဘဝဆုံးရှုံးကြရ၊ ပစ္စည်းဥစ္စာဆုံးရှုံးကြရသည်။ သူလျှို၊ ဒလန်၊ သတင်းပေးဟု စွပ်စွဲကာ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုကြောင့် အမျိုးသား ၃၃ ဦးနှင့် အမျိုးသမီး ၂ ဦး သေဆုံးခဲ့သည်။ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ရဲတပ်ဖွဲ့ဝင် ငါးဦးကျဆုံး၊ ၁၆၃ ဦး ဒဏ်ရာရ၊ တပ်မတော်သား လေးဦး ကျဆုံး၊ မိသားစုဝင် တစ်ဦး သေဆုံးခဲ့ရသည်။ အကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးမှုများ၊ ရက်ရက်စက်စက် သတ်ဖြတ် မှုများ၊ လူ့ဂုဏ်သိက္ခာကို ညှိုးနွမ်းသေးသိမ်စေမှု များ၊ အရှက်သိက္ခာချသည့် လုပ်ရပ်များစသည့် ဒီမိုကရေစီကို အိုးမဲ သုတ်သည့် လုပ်ရပ်များနှင့်ပတ်သက်၍ သတင်းဖြစ်ရပ်မှန် များကို ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ လက်ရှိအ ခြေအနေတွင် သတင်းမှန်၊ ဖြစ်ရပ်မှန်ထက် မိမိတို့ မြင်ချင်၊ ကြားချင်သည် တို့ကိုသာ မြင်လို၊ ကြားလိုသူများမှာ အချိန် ကာလကြာမြင့် ပြီးနောက်မှသာ ဘယ်ဟာသည် အဖြူ၊ ဘယ်ဟာသည် အမည်းဟု သဲကွဲ လာကြ လိမ့်မည်ဖြစ်သည်။ လက်ရှိအခြေအနေတွင်မူတရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာ အေးချမ်း သာယာရေး တို့တည်တံ့ခိုင်မြဲအောင် တည်ဆောက် နေသည့် အချိန်။ ဒုစရိုက်မှု ကျူးလွန်ခဲ့သူ၊ အကြမ်းဖက်ခဲ့သူ၊ ဥပဒေချိုးဖောက်ခဲ့သူတို့ကို ဖော်ထုတ် ဖမ်းဆီးအရေးယူမှုများ ရှိသလို ပြေးလွှားပုန်းအောင်းနေသူများ၊ ရှောင်တိမ်းနေသူ များလည်း ရှိနေသည်။ ဒေသအသီးသီးမှ နေ့စဉ်နှင့်အမျှ ပေါ်ထွက်လာနေသည့် လက်နက်များနှင့် အကြမ်းဖက်ပစ္စည်း များ၊ ယင်းပစ္စည်း များကို ကိုင်ဆောင်ခဲ့သူ၊ ပြုလုပ်ခဲ့သူ၊ သိမ်းဆည်းလက်ဝယ်ထားခဲ့သူများ စသည်တို့က သာမန် ဆန္ဒပြမှုမှသည် အကြမ်းဖက်မှုအထိ ပြောင်းလဲသွားခဲ့သည့် သက်သေများပင်ဖြစ်သည်။ နောက်ကွယ်မှ လှုံ့ဆော်ခဲ့သူ၊ အားပေး အားမြှောက်ပြုခဲ့သူ၊ ကြိုးကိုင်ခဲ့သူ စသည် စသည်ဖြင့် ဖော်ထုတ်အရေးယူမှုများ မဝေးတော့သည့် ကာလတွင် ပေါ်ထွက်လာဦးမည်။ မိမိတို့နိုင်ငံသည် ဒီမိုကရေစီနိုင်ငံဖြစ်သည်။ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နေဆဲကာလတွင်ဖြစ်ပေါ်လာသောရွေးကောက်ပွဲ မဲမသမာမှု အခြေအနေများနှင့် တာဝန်ယူမှု မရှိခြင်းတို့က လျစ်လျူရှုထား၍မရ။ ဒီမိုကရေစီကို သန့်ရှင်းစင်ကြယ်စေ ရေးနှင့် တည်တံ့ ခိုင်မြဲရေးတို့အတွက် ကာလတစ်ရပ်အတွင်း ထိန်းသိမ်းမှု၊ ပြုပြင်တည့်မတ်မှုတို့ ပြုလုပ်ရန် လိုအပ်သည်။ ပြည်သူအပေါင်းက ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြသည်နှင့် အမျှ လျင်လျင်မြန်မြန် ပြီးမြောက်အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း။ ။