နေပြည်တော်၊ မတ် ၂၄
အကြမ်းဖက်ဆန္ဒပြရာတွင် ပါဝင်သောလူငယ်များအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုနှင့် ချိတ်ဆက်၍ ဖောက်ခွဲရေးသင်တန်း တက်ရောက်ရန် သွားရောက် မည်ဖြစ်ကြောင်း တာဝန်သိပြည်သူ တစ်ဦး၏ သတင်းပေးပို့ချက်အရသတင်း ရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာနယ်မြေများအလိုက် လုံခြုံရေး လုပ်ငန်းများအား အထူးကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ မတ်လ ၂၂ ရက်နံနက် ၁၁ နာရီခန့်တွင် လှည်းကူးမြို့နယ်၊ Zero မိုင်တိုင်၌ လုံခြုံရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိစဉ် ရန်ကုန်ဘက်မှ ယာဉ်မောင်း လှဝင်း(၃၂ နှစ်)၊ (ဘ)ဦးခင်ညွန့်၊ တောင်ကြီး ကျေးရွာ၊ တောင်စွန်းမြို့နယ် မောင်းနှင်လာသည့် ယာဉ်အမှတ်၊ KYN / GG-5378 Probox ယာဉ်နှင့် ယာဉ်မောင်း သောင်းဒန်စိုး(၄၇ နှစ်)၊ (ဘ)ဦးကျော်လှိုင် ၊ ချောင်းပြန် ကျေးရွာ၊ ဘီးလင်းမြို့နယ် မောင်းနှင်သည့် ယာဉ်အမှတ်၊ KYN / GG-4388 Proboxယာဉ် ၂ စီးအား မသင်္ကာ၍ တားဆီးစစ်ဆေးခဲ့ရာ ယာဉ်ပေါ်၌ ချစ်စမ်းအောင် (၂၄ နှစ်) ၊ (ဘ)ဦးသန်းထွန်းအောင်၊ ဘုရားကုန်းရပ်ကွက်၊ သန်လျင်မြို့နယ်၊ ညွန့်ဉာဏ်ပိုင်(၂၃ နှစ်)၊ (ဘ)ဦးဝင်းညွန့်၊ ထားဝယ်လမ်း၊ (၂၅)ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ သီဟစိုး (၂၁ နှစ်)၊ (ဘ)ဦးစိုးမြင့်၊ လှည်းဆိပ် ကျေးရွာ၊ ဒလမြို့နယ်၊ ရှိုင်းမြတ်အောင် (၂၃ နှစ်)၊ (ဘ)ဦးဝင်းနိုင်၊ အမှတ်(၁၉၈)၊ (ဃ)ရပ်ကွက်၊ သင်္ဃန်းကျွန်း မြို့နယ်၊ သူရိန်လင်း(၂၄ နှစ်)၊ (ဘ)ဦးရင်ထွန်း၊ မဟာမြိုင်ကန်ဉီးကျောင်းလမ်း၊ ကျိုက်ဒေးဝရပ်ကွက်၊ သန်လျင်မြို့ နယ်၊ မင်းသူ(၃၂ နှစ်)၊ (ဘ)ဦးကျော်မြင့်၊ တာဝကညင်ပင်ကျေးရွာ၊ သန်လျင်မြို့နယ်၊ ရဲမြတ်ရွှေ(၂၉ နှစ်)၊ (ဘ) ဦးရွှေလှ၊ အခန်း(၂၀၆)၊ တိုက်(၃)၊ မဟာဗန္ဓုလ(င)အိမ်ရာ၊ (၁၇)ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ ကျော်စွာဦး (၃၁နှစ်)၊ (ဘ)ဦးအေးသော်၊ နွယ်နီလမ်း၊ (၅၄)ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် နေသူတို့ အားတွေ့ ရှိရပြီး ၎င်းတို့သည် ဘီးလင်းမြို့မှတစ်ဆင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနယ်မြေ အတွင်းသို့ သွားရောက်မည်ဖြစ်ကြောင်းသိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နိုင်ငံရေးနှင့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ အသုံးချခံသားကောင်မဖြစ်စေရေး အလို့ငှာ ကာယကံရှင်မိသားစုများ၏ကိုယ်စား ထိန်းသိမ်း ခဲ့သည်။
ဆက်စပ်သတင်းများအရ ဝေယံမင်းဦး(၃၀ နှစ်)၊(ဘ)ဦးဝင်းချို၊ ဦးပုညလမ်း၊ (၁၆)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်၊ ကျော်ထွန်းလင်း(၄၇ နှစ်)၊ (ဘ)ဦးကျော်အေး၊ (၃)ထိပ်၊ ဗိုလ်ချုပ်လမ်း၊ ၁/၁၂ ရပ်ကွက်၊ လှိုင်သာယာမြို့နယ်နှင့် ဇော်လွင်(၄၄ နှစ်)၊ (ဘ) ဦးသောင်းကြည်၊ မဟော်သဓာလမ်း၊ (၁)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်နေသူတို့ကို လည်း မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် ဂိတ်ဟောင်းမှတ်တိုင်အနီး၌ ယာဉ်အမှတ်၊ YGN / 7Q-2854 CRETA အမျိုးအစား မော်တော်ယာဉ်နှင့်အတူ မတ် ၂၂ ရက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် အချိန်မီ ထိန်းသိမ်းနိုင်ခဲ့သည်။
ထိန်းသိမ်းခံရသူများ၏ထွက်ဆိုချက်အရ ၎င်းတို့သည် NLD ပါတီဝင်များ ဖြစ်ပြီး ရန်ကုန်မြို့တွင်း ဆန္ဒပြပွဲများတွင် ပါဝင်လှုပ်ရှားခဲ့ကြောင်း၊ ထို့နောက် အဖွဲ့အတွင်းရှိ သက်ပိုင်ရှိန်းနှင့် အောင်ပြည့်စုံ ဆိုသူတို့၏ စည်းရုံး လှုံ့ဆော်မှုဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခု၏ နယ်မြေအတွင်းသို့ ဖောက်ခွဲရေး သင်တန်း တက်ရောက်ရန် သဘောတူညီမှုရရှိခဲ့ပြီး Zero မိုင်တိုင်တွင် ရောက်ရှိစုရုံး နေစဉ် လုံခြုံရေးအဖွဲ့များ၏ ထိန်းသိမ်း ခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့အပြင် ၎င်းတို့အားလာရောက်ကြိုဆိုသည့် မော်တော်ယာဉ် ၁ စီးသည် ဘီးလင်းမြို့ဘက်သို့ ပြန်လည်မောင်းနှင် ထွက်ပြေးသွားကြောင်း သိရှိရသဖြင့် လုံခြုံရေး အဖွဲ့ဝင်များမှ ပိတ်ဆို့ရှာဖွေခဲ့ရာညောင်ခါးရှည်လမ်းဆုံတွင် ယာဉ်မောင်း နေလင်းအောင် (၃၅ နှစ်)၊ (ဘ) ဦးခင်ဇော် ၊ ကော့ကဒွတ်ကျေးရွာ၊ ဘီးလင်းမြို့နယ်နေသူအား ယာဉ်အမှတ်၊ GG-3513 Proboxယာဉ်နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
နေလင်းအောင်၏ ထွက်ဆိုချက်အရမြဝတီမြို့နယ်၊ လေးကစ်ကော်မြို့သစ်နေ လှမင်း(၄၀ နှစ်)၏ ချိတ်ဆက် ပေးမှု အရရန်ကုန်မြို့မှ မြဝတီမြို့သို့ အကြောင်းအမျိုးမျိုးဖြင့် လာရောက်တိမ်းရှောင်သူများအား အခကြေး ငွေရယူ၍ ခေါ်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါထိန်းသိမ်းရမိသူများ၏ ပြောကြားချက်များအရ ဆူပူအကြမ်းဖက်မှု တွင် ပါဝင်ပြီး ဖောက်ခွဲရေး သင်တန်း တက်ရောက်၍ အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ရန် ငွေကြေးအထောက်အပံ့များရယူရန် နောက်ကွယ်မှ သွေးထိုးလှုံ့ဆော် စည်းရုံးနေကြသူများဖြစ်သော လှမင်း(၄၀ နှစ်)၊ လေးကစ်ကော်မြို့သစ်၊ မြဝတီမြို့နယ်၊ စည်သူအောင်၊ ဘုရားကြီးဈေး(၃)လမ်း၊ ဘုရားကုန်း ရပ်ကွက်၊ သန်လျင်မြို့၊ နန္ဒအောင်၊ ဘုရားကြီးဈေး ၁ လမ်း၊ ဘုရားကုန်းရပ်ကွက်၊ သန်လျင်မြို့၊ သီဟ၊ ဦးပေါ ညောင်ပင်လမ်း၊ ဘုရားကုန်းရပ်ကွက်၊ သန်လျင်မြို့၊ စိုးကြီး၊ မာလကာလမ်း၊ ဘုရားကုန်းရပ်ကွက်၊ သန်လျင်မြို့၊ အောင်ပြည့်စုံ၊ NLD ပါတီ လူငယ်လုပ်ငန်း တာဝန်ခံ၊ တာဝကျေးရွာ၊ကညင်ပင် ၃ လမ်း၊ သန်လျင်မြို့၊ ထူးထူး၊ လက်ယက်စမ်း ကျေးရွာ၊ သန်လျင်မြို့၊ ပါဝါ၊ ဘုရားကြီး ၂ လမ်း၊ ဘုရားကုန်း ရပ်ကွက်၊ သန်လျင်မြို့၊ ဝင်းကို၊ NLD ပါတီလူငယ်လုပ်ငန်းအဖွဲ့၊ နတ်စင်ကုန်း ၃ လမ်း၊ (၁၅)ပေရပ်ကွက်၊ သန်လျင်မြို့၊ သန်းတိုးအောင်(၂၇ နှစ်)၊ NLD သတင်းနှင့်ပြန်ကြား ရေးရာမှူး၊ စော်ဘွား မှတ်တိုင်အနီးလမ်းသွယ်၊ တစ်ထပ်တိုက်၊ လက်ယက်စမ်းကျေးရွာ၊ သန်လျင်မြို့၊ ဖြိုးလေး(၂၅ နှစ်)၊ NLD ပါတီလူထု လူတန်းစားရေးရာမှူး၊ ဘုရားကုန်း ကျေးရွာ၊ မဂ္ဂင်လမ်း၊ သန်လျင်မြို့ ၊ ဦးတင်ဝင်း(၅၅ နှစ်)၊ NLD ပါတီမြို့နယ် စည်းရုံး ရေးမှူး၊ တောင်ဒဂုံမြို့နယ်နှင့် သက်ပိုင်ရှိန်း၊ NLD ပါတီလူငယ်လုပ်ငန်းတာဝန်ခံ၊ ဝါယာလက်၊ မင်္ဂလာဒုံ မြို့နယ်နေသူတို့အား ဆက်လက်ဖမ်းဆီးရမိရေး ဆောင်ရွက် လျက်ရှိသည်။
သို့ဖြစ်ပါ၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားအောင် လုပ်ဆောင်ခဲ့ သူများအား ဥပဒေအရထိရောက်စွာအရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။