Skip to main content

ဆူပူအကြမ်းဖက်သူလူစုအုပ်စုများအနေဖြင့် အကြမ်းဖက်ဖျက်ဆီးမှုလုပ်ရပ်များအား လုပ်ဆောင်

နေပြည်တော် ဧပြီ ၂၅

ဆူပူအကြမ်းဖက်သူလူစုအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင်အဆောက်အဦများ၊ အေးချမ်းစွာ နေထိုင်လိုသော ပြည်သူလူထု အချို့၏ နေအိမ်များအား မီးပုလင်း၊ လက်လုပ်ဗုံး၊ မီးတုတ်များဖြင့် ပစ်ပေါက် ခြင်း၊ အများပြည်သူ သွားလာလှုပ်ရှား နေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထားခြင်းများအား လုပ်ဆောင် လျက်ရှိသည်။

လက်လုပ်ဗုံး အပိုင်းအစများ ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဧပြီ ၂၄ ရက် မွန်းလွဲ ၃ နာရီ ၁၀ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပ မြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ လှည့်ကင်း ဆောင်ရွက်နေစဉ် (၃)ရပ်ကွက် နှင့် (၄) ရပ်ကွက်ကြား ဝေဇယန္တာ လမ်းမပေါ်မှ ပေါက်ကွဲသံကြား၍ သွားရောက်စစ်ဆေးခဲ့ရာ ၄/၆ ဗြဟ္မာစိုရ် လမ်းထိပ် လမ်းလယ်ကျွန်းရှိ သစ်ပင် ခြေရင်း၌ ပေါက်ကွဲထားပြီးဖြစ်သော လက်လုပ်ဗုံး အပိုင်းအစများ တွေ့ရှိခဲ့ ရပြီး ပေါက်ကွဲမှုကြောင့် လူနှင့် အဆောက်အဦ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးမှုမရှိကြောင်း သိရှိရသည်။

ညနေ ၅ နာရီ ၂၅ မိနစ်တွင် အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာနှင့် ၂၅ ကိုက်အကွာရှိ လမ်းလယ်ကျွန်းပေါ်၌ ပေါက်ကွဲသံကြားရ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲခြင်းဖြစ်ကြောင်း တွေ့ရှိရသဖြင့် အဆိုပါ လမ်းလယ်ကျွန်း တစ်လျှောက်အား ဆက်လက်စစ်ဆေးခဲ့ရာ ပေါက်ကွဲမှု ဖြစ်ပွားရာ နှစ်ခုကြား လမ်းလယ်ကျွန်းပေါ်၌ပင် ဇာအစိမ်းရောင်ဖြင့် အုတ်ထားသော ကော်ပုံ တစ်ပုံးအား မသင်္ကာဖွယ် တွေ့ရှိရ၍ စစ်ဆေးရန် ပြုလုပ်နေစဉ် ပေါက်ကွဲသွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် လမ်းမပေါ်တွင် ဖြတ်သန်းမောင်းနှင်လာ 60° YGN HH/XOX PROBOX wogen နောက်ပိုင်း ဝဲ/ယာမှန် နှစ်ချပ် ကွဲကြေ၍ ရှေ့လေကာမှန်တို့ ကွဲအက်ပျက်စီးသွား ခဲ့ပြီး ယာဉ်ပေါ်တွင် လိုက်ပါလာသော အမျိုးသမီး နှစ်ဦးနှင့် စစ်ဆေးရေးအဖွဲ့ တွင် ပါဝင်သော ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူ အမျိုးသားနှစ်ဦးတို့ ထိခိုက် ဒဏ်ရာရရှိခဲ့သဖြင့် တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိသည်။

လက်လုပ်မိုင်း အပိုင်းအစများ ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင် များသည် ပေါက်ကွဲမှုဖြစ်ပွားရာ နေရာ များကို ရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ရာ ပေါက်ကွဲထားပြီးဖြစ်သော Keypad ဖုန်းဖြင့် ဆက်သွယ်ပြုလုပ်ထားသည့် လက်လုပ်မိုင်း တစ်လုံး၏အပိုင်းအစများ တွေ့ရှိခဲ့ရသဖြင့် ပတ်ဝန်းကျင်အား ရှင်းလင်းခဲ့ရာ ပေါက်ကွဲမှုဖြစ်သည့် နေရာနှင့် ၁၀ ကိုက်ခန့်အကွာရှိ အိမ် အမှတ်(၆၅၁) ခြံဝင်းအရှေ့တွင် လက်လုပ် မိုင်းတစ်လုံး ထပ်မံတွေ့ရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖောက်ခွဲ ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။

အလားတူ ညနေ ၄ နာရီ ၄၅ မိနစ် ခန့်တွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ရွှေကူရပ်ကွက် လမ်းမတော်လမ်းနှင့် ရွှေလက်လှလမ်းထောင့်ရှိ “အင်းဝ"ဘဏ် အား အကြမ်းဖက်သူ အမျိုးသားနှစ်ဦး (စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး လက်လုပ်ဗုံး တစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေး သွားခဲ့ရာ အဆိုပါ လက်လုပ်ဗုံးမှာ ဘဏ်ရှေ့ကာရံထားသော သံပန်းခြံစည်းရိုးအား ထိမှန်၍ ကားလမ်းမပေါ်သို့ ကျရောက်ပေါက်ကွဲ ခဲ့ပြီး ပေါက်ကွဲမှုကြောင့်လူနှင့် အဆောက်အဦ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးမှု မရှိကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်ပွား ထို့အတူ ညနေ ၅ နာရီခွဲတွင် ရန်ကုန် တိုင်းဒေသကြီး လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ် (၈) ရပ်ကွက် မကွေးလမ်းနှင့် ထီးလှိုင်ရှင် အိမ်ရာအဝင်လမ်းသွယ်ရှိ မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီရုံးအနီးတွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရလုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ရုံးဘေးရှိလမ်းမပေါ်၌ ပေါက်ကွဲထားသည့် လက်လုပ်ဗုံး အပိုင်းအစများ တွေ့ရှိခဲ့ရပြီး ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးမှုမရှိ ကြောင်း သိရသည်။

အလားတူ ည ၆ နာရီ ၁၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ဥဿာမြို့သစ် (၇)ရပ်ကွက်နေ ဒေါ်တင်တင်မော်(၅၂) နှစ် (ဘ) ဦးသောင်းညွန့်၏ နေအိမ်အား အကြမ်းဖက်သူအမျိုးသားနှစ်ဦး (စိစစ်ဆဲ) က ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး လက်ပစ်ဗုံး တစ်လုံးဖြင့် ပစ်ပေါက် ထွက်ပြေးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါနေအိမ်ခြံစည်းရိုး အပြင်ဘက်ရှိ ကွန်ကရစ်တံတားပေါ်မှ မပေါက်ကွဲသေးသည့် Grenade Hond China စာတန်းပါ တရုတ်နိုင်ငံလုပ် လက်ပစ်ဗုံးတစ်လုံး တွေ့ရှိရ၍ လုံခြုံရေး တပ်ဖွဲ့ဝင်များက ရေမြောင်းအတွင်း ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ည ၈ နာရီတွင် စစ်ကိုင်း တိုင်းဒေသကြီး ဟုမ္မလင်းမြို့ ဟုမ္မလင်း ရပ်ကွက် ရပ်ကွက်စီမံအုပ်ချုပ်ရေးရုံးအား အကြမ်းဖက်သူ အမျိုးသားနှစ်ဦး (စိစစ်ဆဲ)က လက်လုပ်ဗုံး တစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ အဆိုပါ လက်လုပ်ဗုံးမှာ ရုံးအောက်ထပ်ရှိ ဖွင့်ထားသော ပြတင်းပေါက်မှ ရုံးခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပေါက်ကွဲမှု ဖြစ်ပွားသည့်နေရာမှ ပေါက်ကွဲထားသည့် လက်လုပ်ဗုံး အပိုင်းအစများ တွေ့ရှိခဲ့ရပြီး ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးမှုမရှိ ကြောင်း သိရသည်။

အလားတူ ည ၈ နာရီ ၁၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ဥဿာမြို့သစ် ၊ (၃)ရပ်ကွက် ရေမြောင်းအတွင်း၌လက်လုပ်မိုင်း တစ်လုံးတွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းတစ်လုံးအား တွေ့ရှိရ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စနစ် တကျ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့အတူည၈ နာရီ မိနစ် ၅၀ ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မုံရွာတောင်ရပ်ကွက်ရှိ မြဝတီဘဏ်အား ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသား နှစ်ဦးက လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခဲ့ပြီး ဗုံးမှာ ဘဏ်ရှေ့ခြံစည်းရိုးနှင့် မီတာ ၂၀ ခန့်အကွာသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရှိရသည်။

လက်လုပ်မိုင်းကိုးလုံး အလားတူ ည ၉ နာရီတွင် မန္တလေး တိုင်းဒေသကြီး ပြင်ဦးလွင်မြို့ ရပ်ကွက် ကြီး(၇)ရှိ အနီးစခန်းရဲကင်းကို အကြမ်းဖက်သူ အမျိုးသား သုံးဦး (စိစစ်ဆဲ)က ရဲကင်းစခန်း၏ နောက်ကျောဘက်မှ (လက်လုပ်မိုင်းကိုးလုံး ပစ်ပေါက်ထွက်ပြေးခဲ့ရာ အဆိုပါလက်လုပ်ဗုံးကိုးလုံးမှာ ရဲစခန်းနောက်ကျော မြေကွက်လပ်သို့ ကျရောက်ခဲ့ပြီး လေးလုံးမှာ ပေါက်ကွဲ၍ ကျန်ငါးလုံးမှာ ပေါက်ကွဲခြင်းမရှိခဲ့ကြောင်း နှင့် တစ်ချိန်တည်းမှာပင် အကြမ်းဖက်သူ အမျိုးသား တစ်ဦး(စိစစ်ဆဲ)က ရဲကင်း စခန်းအရှေ့မှ စခန်းအတွင်းသို့ အထုပ် သုံးထုပ်ဖြင့် ထပ်မံပစ်ပေါက်ခဲ့ရာ အဆိုပါ အထုပ်များမှာ ရဲကင်းစခန်းအမိုးပေါ်သို့ ကျရောက်ခဲ့ပြီး တစ်ထုပ်မှာ ပေါက်ကွဲကာ အခြားနှစ်ထုပ်မှာ ပေါက်ကွဲမှုမရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့ရာ မပေါက်ကွဲသည့် အထုပ် နှစ်ထုပ်မှာ ကြွပ်ကြွပ်အိတ်အခွံများ ဖြစ်သည်ကို တွေ့ရှိခဲ့ရပြီး ပေါက်ကွဲမှုကြောင့် ရဲကင်း စခန်းအမိုး အနည်းငယ်ပျက်စီးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးတွင် ထိခိုက် ဒဏ်ရာရရှိခဲ့သဖြင့် တပ်မတော်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

ထို့ပြင် မင်းတပ်မြို့ အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်များက လုံခြုံရေးဆောင်ရွက်စဉ် ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် အထွေထွေ အုပ်ချုပ်ရေးရုံးအနီးရှိ ဘောလုံးကွင်းရှေ့ သို့အရောက်၌ ဘောလုံးကွင်းပွဲကြည့်စင် ပေါ်မှ လူ ၂၀ ခန့်က တူမီးသေနတ် များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည် ခြောက်လှန့်ပစ်ခတ်ခဲ့သည်။ အဆိုပါ ဆူပူအကြမ်းဖက်သူများ၏ ပစ်ခတ် တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

လက်လုပ်မိုင်းတစ်လုံး တွေ့ရှိ အလားတူ ယနေ့နံနက် ၆ နာရီခန့် တွင် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် တပင်ရွှေထီးရပ်ကွက်ရှိ သိုက်ချောင်းတံတားအောက်ရှိ အုတ်နံရံ အပေါက်အတွင်း၌ လက်လုပ်မိုင်းတစ်လုံး တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး ခဲ့ရာအဆိုပါနေရာ၌ မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းတစ်လုံး တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ်၍ သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ထို့အတူ နံနက် ၆ နာရီ ၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံ မြို့နယ် ပြည်ကြီးကျက်သရေ အနောက် ရပ်ကွက်ရှိ “မြန်မာ့စီးပွားရေးဘဏ်(၁)” အနီး ၂၅ လမ်းနှင့် ၂၆ လမ်းကြား ၊ ၈၂ လမ်းမပေါ်တွင် လက်လုပ်မိုင်း တစ်လုံး ပေါက်ကွဲကြောင်းသတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး ခဲ့ရာ ပေါက်ကွဲထားသော လက်လုပ်မိုင်း အပိုင်းအစများ တွေ့ရှိခဲ့ရပြီး ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦ ထိခိုက် ဒဏ်ရာရရှိမှုနှင့် ပျက်စီးမှုမရှိကြောင်း သိရသည်။

အလားတူ နံနက် ၆ နာရီခွဲတွင် ပဲခူး တိုင်းဒေသကြီး ဝေါမြို့နယ် ဘိုးဘုံ ရပ်ကွက်ရှိ မြို့နယ်မီးသတ်ဦးစီးမှူးရုံးအား ရန်ကုန်-မော်လမြိုင်ကားလမ်း အတိုင်း ဝေါဘက်မှ ကျိုက်ထိုမြို့ဘက် သို့ အကြမ်းဖက်သူအမျိုးသား နှစ်ဦး (စိစစ်ဆဲ)မောင်းနှင်လာသော ဆိုင်ကယ် တစ်စီးမှ လက်လုပ်မိုင်း တစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ရာ အဆိုပါ လက်လုပ်မိုင်းမှာ မီးသတ်ရုံးရှေ့ ကွန်ကရစ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် မီးသတ်ရုံး ပြတင်းပေါက်မှန် တစ်ချပ်ကွဲ၊ မီးငြိမ်း သတ်ယာဉ်တစ်စီး အနည်းငယ်ပျက်စီး ခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

လက်လုပ်မိုင်းတစ်လုံး ထို့အတူ နံနက် ၇ နာရီခွဲတွင် မန္တလေး တိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ချမ်းသာရရပ်ကွက်နေ ဦးအောင်စိုး (၅၂) နှစ် ၏ နေအိမ်ရှေ့ခြံတံခါးပေါက်အနီး တွင် လက်လုပ်မိုင်း တစ်လုံးတွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ နေရာ၌ မပေါက်ကွဲသေးသည့် လက်လုပ် မိုင်းတစ်လုံးအား တွေ့ရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သက်မဲ့ပြုလုပ်၍ သိမ်းဆည်းခဲ့ကြောင်း သိရသည်။

အလားတူ နံနက် ၈ နာရီ ၁၅ မိနစ် တွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ မဇင်း ရပ်ကွက် ရန်ကုန်-မန္တလေးကားလမ်း ဘူတာကုန်းတံတား အဆင်းလမ်းဘေး ရှိ MPT ဆက်သွယ်ရေးကေဘယ်လ် ကြိုးသံပုံးအနီးတွင် လက်လုပ်မိုင်း တစ်လုံး ပေါက်ကွဲကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါနေရာ၌ ရေသန့်ဘူး အတွင်း ယမ်းပြင်းမှုန့်များနှင့် ဘောစေ့ တို့ကို ရောစပ်၍ Keypad ဖုန်းဖြင့် ဆက်သွယ်ပြုလုပ် ဖောက်ခွဲထားသော လက်လုပ်မိုင်း တစ်လုံး၏ အပိုင်းအစ များ တွေ့ရှိခဲ့ရပြီး အဆိုပါပေါက်ကွဲမှုကြောင့် ဆက်သွယ်ရေးကေဘယ်လ် ကြိုးများ ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။

ထို့အတူ မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ တွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် အနှိပ်တော်ရပ်ကွက် ၁၉ လမ်းနှင့် လမ်း ၆၀ ထောင့်ရှိ ရဲစခန်းရှေ့ဘန်ဘာအတွင်း လုံခြုံရေးဆောင်ရွက် နေသော တပ်ဖွဲ့ဝင်များအား ၁၉ လမ်း အတိုင်း အရှေ့မှ အနောက်သို့ အကြမ်း ဖက်သူ အမျိုးသား နှစ်ဦး(စိစစ်ဆဲ)တို့ မောင်းနှင်လာသော ဆိုင်ကယ်တစ်စီးမှ လက်လုပ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက် ထွက်ပြေးသွားခဲ့ရာ အဆိုပါလက်လုပ်ဗုံး မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များနေသော သဲအိတ်ဘန်ဘာအနီး ကျရောက်ခဲ့ပြီး ပေါက်ကွဲမှုမရှိခဲ့သဖြင့် သက်မဲ့ပြုလုပ်ခဲ့ ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်