ရန်ကုန် ဧပြီ ၂၅
ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်သည် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်မှူးကြီးဝင်းတင့်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရွှေပြည်သာစက်မှုဇုန် (၃)ရှိ ရွှေမ် ဆိပ်ကမ်းတံတားသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆိပ်ကမ်း တာဝန်ကျများက သက်ဆိုင်ရာ ဆိပ်ကမ်းအစည်းအဝေးခန်းမ၌ ဆိပ်ကမ်းပိုင်းဆိုင်ရာ အချက်အလက်များ၊ ဆန်တင်ပို့မှုအခြေအနေ များကို ရှင်းလင်းတင်ပြသည်။
ထို့နောက်ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် လိုအပ်သည်များမှာကြားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မည့် ဆန်များ သင်္ဘောများပေါ်သို့ တင်ဆောင်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်