Jul 02, 2021
လတ်တလော ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများပြားနေသည့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများနှင့် တွေ့ဆုံညှိနှိုင်းသည့် အစည်းအဝေးကို ယနေ့တွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန တွင် အွန်လိုင်းဖြင့် ကျင်းပသည်။
Jul 02, 2021
မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး Coronavirus Disease 2019 (Covid-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်ကိုသည် ယနေ့ နံနက် ၁ဝ နာရီက ကိုဗစ်အတည်ပြုလူနာများကိုကျန်းမာ ရေးစောင့်ရှောက်မှု ပေးနိုင်ရန်အတွက် ပြင်ဆင်နေသည့် ခုတင် ၅၀၀ အရိုးအထူးကုဆေးရုံကြီးသို့ ကြည့်ရှု စစ်ဆေးသည်။
Jul 02, 2021
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော ၂၀၂၁ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၁) နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲများကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားလေ့ကျင့်ရေးကွင်းများ၌ ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးမျိုးလှိုင် တက်ရောက်ကြည့်ရှု အားပေးသည်။
Jul 02, 2021
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ဆိုင်ရာ မဟာဗျူဟာအတည်ပြုရေးဆွဲနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲ တွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
Jul 02, 2021
အာဆီယံဒေသတွင်းဆိုင်ရာ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် ASEAN Plan of Action for Energy Cooperation (APAEC) အရ မြန်မာနိုင်ငံနှင့်လာအို နိုင်ငံတို့အကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး ကို ယနေ့တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ်(၂၇)၌ ကိုဗစ်-၁၉ ကာကွယ်ရေး နည်းစနစ်များနှင့်အညီ Virtual Meeting ဖြင့် ကျင်းပသည်။
Jul 02, 2021
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး လှုပ်ရှားမှု မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပျိုးဥယျာဉ်အနီး၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်ဇနီး တက်ရောက်၍ ကံ့ကော်ပင်အား ဦးဆောင်စိုက်ပျိုးပေးသည်။
Jul 02, 2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၌ နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များအား လက်နက်ကိုင် အကြမ်းဖက်သူများက ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
Jul 02, 2021
ရန်ကုန် ဇူလိုင် ၁ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ခုနှစ်ဆုကို ပိုင်ဆိုင်ထားသည့် တစ်ဦးတည်းသော ခုနှစ်ထပ်ကွမ်း အကယ်ဒမီများရှင် ဂန္ထဝင်အနုပညာရှင်ကြီး မင်းသားကြီး ဦးညွန့်ဝင်း (၈၂) နှစ် သည် လူကြီးရောဂါဖြင့် နေအိမ်၌ ယနေ့တွင် ကွယ်လွန်သွားကြောင်း သိရသည်။