Skip to main content

တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်နှင့် မအူပင်ခရိုင်များအတွင်းရှိ မြို့များ၌ နှာခေါင်းစည်းများ လှူဒါန်း

နေပြည်တော် ဇူလိုင် ၅

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်ရေး အထောက်အကူဖြစ်စေရန်အတွက် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီး မြို့နယ်၊ အဖျောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်း (အဖျောက်)ရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ တိုက်ကြီးတပ်နယ်မှ တာဝန်ရှိသူ များက Mask  ၇၀၀ ခုကို သွားရောက်ပေးဝေလှူဒါန်းသည်။

အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ ကျုံပျော်မြို့၊ သားပေါင်းမြို့၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ မအူပင်ခရိုင်၊ မအူပင်မြို့နှင့် ပန်းတနော် မြို့များရှိ လူစည်ကားရာ ဘုရားစေတီများ၊ ဈေးများ၊ လမ်းများ၌ ဒေသခံပြည်သူများအား အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ တပ်နယ်အသီးသီးမှ နယ်မြေခံ တပ်မတော်သားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများက Mask ၂၀၁၀၀ ခုကို ဒေသခံပြည်သူများ၏ လက်ဝယ်အရောက် အခမဲ့သွားရောက်ပေးဝေ လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်