Jul 05, 2021
(၄-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၅-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၁,၀၂၄) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၂,၉၆၉) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၇၈၃,၃၈၅)ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၆၈,၃၇၄) ဦးရှိပြီ ဖြစ်ပါသည်။
Jul 05, 2021
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၅ ရက်
Jul 05, 2021
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးကြည်သိန်း၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန်၊ ဒေါ်ခင်မေရီ တို့ ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရား လွှတ်တော် ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၉၆/ ၂၀၁၉ (မန္တလေး)နှင့် ၉၇/၂၀၁၉(မန္တလေး)ကို ကြားဖြတ်အမိန့်ချမှတ်ပြီး၊ တရားမအထူးအယူခံမှုအမှတ် ၇၁/၂၀၁၉ (ရှမ်း)၊ ၉၅/၂၀၁၉ (ရန်ကုန်)၊ ၉၉/၂၀၁၉ (ရန်ကုန်)၊ ၁၀၇/၂၀၁၉ (မကွေး)၊ စုစုပေါင်း တရားမ အထူးအယူခံမှု (၄) မှုကို စီရင်ချက်ချမှတ်သည်။
Jul 05, 2021
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ဇူလိုင် ၄ ရက် နံနက် ၇ နာရီတွင် ပုသိမ်မြို့၊ ဆောက်လုပ်ရေးရိပ်သာ၌ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အဆောက်အဦ၊ လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စများနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးသည်။
Jul 05, 2021
ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးနှင့် ကုသရေးဆိုင်ရာ ဆေးဝါးနှင့် ရောဂါ ကာကွယ်ရေး ပစ္စည်းများ လွယ်ကူချောမွေ့စွာတင်သွင်းနိုင်ရေးနှင့် ပြည်တွင်းစျေးကွက်၌ စျေးကစားမှုများ ထိန်းချုပ်စီမံဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 05, 2021
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားရေးရာ ဆိုင်ရာ အရာထမ်းများ လုပ်ငန်းခွင်မွမ်းမံသင်တန်း အမှတ်စဉ် (၃/၂၀၂၁) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 05, 2021
(၃-၇-၂၀၂၁)ရက်နေ့၊ ည (၈:၀၀) နာရီမှ (၄-၇-၂၀၂၁)ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း တွေ့ရှိရသော COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၂,၃၁၈) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှု အခြေ အနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
Jul 05, 2021
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၅) ၏ မျက်နှာစာရှိ မြေကွက်လပ်၌ ကျင်းပသည်။
Jul 05, 2021
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာသင် ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ရုံးအမှတ် (၁၉) သီရိရတနာခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပသည်။
Jul 05, 2021
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ အငယ်တန်း အင်ဂျင်နီယာ(၂) လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁/၂၀၂၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ နေပြည်တော် ဗဟိုသင်တန်း ကျောင်း၌ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ကျင်းပသည်။