နေပြည်တော် ဇူလိုင် ၅
ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ဝန်ထမ်းသစ်များ ကြိုဆိုပွဲနှင့် စွမ်းရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်၊ တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား Auditorium ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ “စိန်ရတုအလှမှန် - ထာဝရမြန်မာ့အသံ” သီချင်းဖြင့် ကပြဖျော်ဖြေသည်။
ယင်းနောက် ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် က ဝန်ထမ်းသစ်များအား လှိုက်လှဲနွေးထွေးစွာ ကြိုဆိုပါကြောင်းနှင့် နိုင်ငံ့ဝန်ထမ်းပီသစွာဖြင့် ဌာန၏သတ်မှတ်ရည်မှန်းချက်နှင့် လုပ်ငန်း တာဝန်များကို စိတ်စေတနာကောင်းဖြင့် ဂုဏ်ယူစွာ တာဝန်ထမ်း ဆောင်ကြရန်ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ ဝန်ထမ်းသစ်များက တစ်ဦးချင်း မိတ်ဆက်ပြောကြား ပြီး “အသစ်တစ်ဖန် - ခေတ်သဏ္ဍာန် MRTV” သီချင်းဖြင့် ကပြဖျော်ကြသည်။
ဝန်ထမ်းသစ်များ စွမ်းရည်မြှင့်တင်ရေး သင်တန်းတွင် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ ဆိုင်ရာ များ၊ ရုံးလုပ်ငန်းလက်စွဲ၊ ဌာန၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များ၊ မီဒီယာနှင့် ရုပ်သံပညာရပ် များကို ဝန်ထမ်းသစ် ၁၂၈ ဦးအား သင်ကြားပို့ချပေးမည်ဖြစ်ပြီး COVID-19 ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ အခန်းများ ခွဲခြားကာ ရက်သတ္တ ၂ ပတ်ကြာ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်