Jul 04, 2021
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှု အခြေအနေ၊ (၄-၇-၂၀၂၁) ရက်နေ့၊ ညနေ (၄)နာရီ
Jul 04, 2021
ပြည်သူအများ စိတ်အပန်းဖြေစေနိုင်ရန် ရည်ရွယ်တည်ဆောက်ခဲ့သော ရန်ကုန်မြို့ ဒေါပုံမြို့နယ်ရှုခင်းသာမြို့ပတ်လမ်းရှိ Waterboom အပန်းဖြေ စခန်းကို တစ်နှစ်ကျော်ကြာ ယာယီရပ်နားထားရာမှ ယခုအခါ လတ်တလောဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ပြီးခဲ့သောရက်သတ္တတစ်ပတ်အတွင်းမှစတင်ကာ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း Yangon Waterboom အပန်းဖြေစခန်း ၊ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
Jul 04, 2021
နိုင်ငံအတွင်း နိုင်ငံရေးအပြောင်းအလဲဖြစ်ခဲ့သည်ကို အကြောင်းပြု၍ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများ ဖြစ်ပေါ်လာပြီးနောက် များမကြာမီတွင် ဆူပူဆန္ဒပြမှု၊ အကြမ်းဖက် ဆန္ဒပြမှု၊ ထိုမှအကြမ်းဖက်တိုက်ခိုက်မှုများ တစ်ဆင့်ပြီးတစ်ဆင့် ဖြစ်ပေါ်လာသည်။ ထိုသို့ဖြစ်ပေါ်ရာတွင် ပြည်သူလူထုအတွင်း၌ နိုင်ငံရေးအရ မတူကွဲပြားမှုနှစ်ဖက်နှင့် အေးချမ်းစွာနေထိုင်လိုကြသူများနှင့် အခွင့်အဖျက်သမားများဟူ၍ အုပ်စုကွဲများ ဖြစ်ပေါ်လာခဲ့သည်။ ယင်းတို့တွင် အေးချမ်းစွာနေထိုင်လိုကြသော ပြည်သူများမှာ အများစုဖြစ်သည်။
Jul 04, 2021
မေး ။ ။ နောက်ထပ်မေးခွန်းကတော့ ပေးပို့ထားတဲ့ မေးခွန်းထဲမှာတော့ မပါပါဘူးရှင့်။ ထပ်ပြီးတော့ မေးလိုပါတယ်ရှင့်။ ဖြေနိုင်မယ်ဆိုရင်ဖြေကြားပေးစေလိုပါတယ်ရှင့်။ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌရဲ့ ယခုခရီးစဉ်ကနေ ရုရှား-မြန်မာ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအပါအဝင် နှစ်နိုင်ငံအကျိုးစီးပွားအတွက် ဘာတွေများ ရရှိနိုင်မလဲလို့ မျှော်လင့်ပါသလဲရှင့်။
Jul 04, 2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်ကျေးရွာရှိ သစ်သားတံတား တစ်စင်းအား အကြမ်းဖက်သူများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
Jul 04, 2021
မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
Jul 04, 2021
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့၌ လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များအား လက်နက်ကိုင်အကြမ်းဖက်သူများက တူမီးသေနတ်၊ လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
Jul 04, 2021
တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာ သနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
Jul 04, 2021
ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ကယားပြည်နယ်တို့၌ ဆူပူဆန္ဒပြမှုများနှင့် အကြမ်းဖက်သူများ၏ တိုက်ခိုက်မှုများကြောင့် ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အဦများနှင့် လူနေအိမ်များတွင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။
Jul 04, 2021
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ်ဆေးရုံ၊ ယင်းမာပင်တိုက်နယ်ဆေးရုံ၊ ညောင်ရမ်းတိုက်နယ်ဆေးရုံ၊ သပိတ်ကျင်းမြို့နယ် တကောင်းတိုက်နယ်ဆေးရုံ၊ ကျောက်ဆည်မြို့နယ် စဉ့်ကိုင်ပြည်သူဆေးရုံ၊ မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ်မြို့နယ် ယင်းတော်တိုက်နယ်ဆေးရုံ၊ ကူမဲတိုက်နယ်ဆေးရုံနှင့် ရွှေညောင်ဖူးတိုက်နယ်ဆေးရုံ၊ ဝမ်းတွင်းမြို့နယ် ပင်းတလဲ တိုက်နယ်ဆေးရုံ၊ မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံ၊ တောင်သာမြို့နယ်၊ ဝဲလောင်တိုက်နယ်ဆေးရုံ၊ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံနှင့် ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံတို့ရှိ ဝန်ထမ်းများနှင့် လူနာရှင်များက အကူအညီတောင်းခံမှုကြောင့် တပ်မတော်မှဆေးကုသရေးအဖွဲ့များအား စေလွှတ်၍ ရောဂါဝေဒနာခံစားနေရသည့် ဒေသခံပြည်သူများကို လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေး လျက်ရှိသည်။