May 08, 2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၌ ဆူပူ အကြမ်းဖက်သူများ၏ အကြမ်းဖက် ရန်ပြုတိုက်ခိုက်ခဲ့မှုကြောင့် သစ်တောဝန်ထမ်း ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
May 08, 2021
နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ အပတ်စဉ် သတင်းစာ ရှင်းလင်းပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် Video Conferencing ဖြင့် ပြုလုပ်ပြီး သတင်းမီဒီယာ များ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့သည်။
May 08, 2021
မန္တလေး(ဂေါဝိန်ဆိပ်ကမ်း)မှ (၃.၅.၂၀၂၁)ရက်နေ့ (၀၆:၀၀)နာရီအချိန်တွင် ခရီးသည်(၁၁) ဦး၊ ကုန်စည်(၂၁၅)တန်တင်ဆောင်ပြီး ထွက်ခွာလာသော“ပေါက်တန်း”ရေယာဉ်သည် (၆.၅.၂၀၂၁) ရက်နေ့(၁၀:၂၀)နာရီတွင် ကသာသို့ ဝင်ရောက်ခဲ့ပြီး (၁၁:၀၀) နာရီအချိန်တွင် ခရီးသည် (၁၀)ဦး၊ ကုန်စည် (၁၉၉)တန်ဖြင့် ပြန်လည်ထွက်ခွာလာခဲ့ရာ (၂၀:၂၅) နာရီအချိန်ခန့်တွင် သာယာကုန်းနှင့် ကျောက်ကြီးရွာကြားအရောက် မြစ်၏လက်ဝဲဘက်ကမ်းမှ မောင်းနှင်နေစဉ် သောင်းကျန်းသူအဖွဲ့များ၏ လက်နက်ကြီး/ လက်နက်ငယ်များဖြင့် (၁၅)မိနစ်ကြာ ပစ်ခတ်ခံရမှု ကြောင့် တာဝန်ကျတက်မကိုင် ဦးဇော်မင်းဦးတွင် လက်နက်ကြီးအစ ထိမှန်ဒဏ်ရာ (မစိုးရိမ်ရ)နှင့် စက်ခန်းအုပ်(၄)ဖြစ်သူ ဦးအောင်ဇော်ငြိမ်းတွင် ပွန်းပဲ့ဒဏ်ရာများ အသီးသီးရရှိခဲ့ပါသည်။ ရေယာဉ်ကို လုံခြုံရေးရရှိနိုင်မည့် ရွှေကူသို့မောင်းနှင်ခဲ့ရာ (၂၃:၁၅)နာရီ တွင်ရောက်ရှိပြီး ဒဏ်ရာရဝန်ထမ်းများကို ဆေးကုသမှုပြုလုပ် ပေးခဲ့ကြောင်းနှင့် ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရပါသည်။
May 08, 2021
ဆူပူအကြမ်းဖက်သူများအနေဖြင့် တိုင်းဒေသကြီးအချို့ရှိ မြို့နယ်အချို့၌ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ချက်များဖြင့် နိုင်ငံတော်ပိုင် အဆောက် အဦများအား မီးရှို့ခြင်းနှင့် မီးပုလင်းများဖြင့် ပစ်ပေါက်ခြင်းတို့ ပြုလုပ်ခဲ့၍ အဆောက်အဦအချို့ မီးလောင် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။
May 08, 2021
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်မြို့ ခရီးသွား ပြည်သူများ အဆင်ပြေစေရန် ရည်ရွယ်၍ မြို့ပတ် ရထားခေါက်ရေ ပိုမိုတိုးချဲ့ပြေးဆွဲမှုကို ယနေ့ (မေ ၇ရက်) ညနေပိုင်းမှစတင်ကာ ပြေးဆွဲပေးလျက် ရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။
May 08, 2021
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၏ သင်ကြားရေးဌာနများတွင် နည်းပြ၊ သရုပ်ပြရာထူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)များ ခန့်ထားမည်ဖြစ်ပါသဖြင့် လျှောက်ထားလိုသူများသည် လျှောက်လွှာများ ကို မေ ၅ ရက် အရောက်နောက်ဆုံးထား၍ တင်သွင်းလျှောက်ထားရမည့် အစား
May 08, 2021
မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်ပြောင်းလဲ တိုးတက်မှုအခြေအနေတွေနဲ့ပတ်သက်ပြီး ရန်ကုန် မြို့မှာရှိတဲ့ သံတမန်တွေနဲ့ ကုလသမဂ္ဂလက် အောက်ခံအဖွဲ့အစည်းများက အကြီးအကဲများကို ရှင်းလင်းပြောကြားခြင်းကိုလည်း ဧပြီ ၈ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ တာဝန်ရှိသူများက နိုင်ငံတကာ သံတမန်များနဲ့ ကုလအဖွဲ့အစည်း အကြီးအကဲများကို လက်ရှိနိုင်ငံ ရေးအခြေအနေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ တာဝန်ယူဆောင်ရွက်ခဲ့တဲ့ အခြေအနေနဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲကို ပြန်လည် ကျင်းပပြီး ဒီမိုကရေစီ စံချိန်စံနှုန်းများနဲ့အညီ နိုင်ငံတော်တာဝန် လွှဲအပ်နိုင်ရေးတို့ကိုလည်း ပွင့်လင်းမြင်သာစွာ ဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံပွဲအပြီးမှာ သိမ်းဆည်းရမိထားတဲ့ ဆူပူ အကြမ်းဖက် လှုပ်ရှားမှုတွေအတွက် အသုံးပြုထား တဲ့ဒေသန္တရလက်လုပ်ကိရိယာများကို နိုင်ငံတကာ တာဝန်ရှိသူများကို ရှင်းလင်းပြသနိုင်ခဲ့ပါတယ်။
May 08, 2021
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ(၂၀၂၁ ခုနှစ်၊ မေလ (၈)ရက်နေ့ နံနက်(၇:၀၀) နာရီအချိန် ထုတ်ပြန်ချက်)