နေပြည်တော် ဇူလိုင် ၆
ပညာရေးဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီတွင် နေပြည်တော်ရှိ အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ယင်းမာပင်ကို စိုက်ပျိုးသည်။ ထို့နောက် ဒုတိဝန်ကြီး ဒေါက်တာဇော်မြင့်က သီဟိုဠ်ပင်နှင့် ဒုတိယဝန်ကြီး ဦးဇော်ဝင်းက ပိတောက်ပင် တို့ကို စိုက်ပျိုးကြပြီး သက်ဆိုင်ရာ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများက သတ်မှတ်ပျိုးပင်များကို စိုက်ပျိုးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သစ်ပင်စိုက်ပျိုးနေကြသည့် ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ယနေ့ ကျင်းပသော ပညာရေးဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ယင်းမာ ပင်၊ ကျွန်းပင်၊ ပိတောက်ပင်၊ ခရေပင်၊ မဟော်ဂနီပင်၊ မယ်ဇလီပင်၊ ကုက္ကိုပင်စသည့် ရတနာတမ်းဝင် သစ်ပင်များနှင့် အရိပ်ရသစ်ပင်များကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)