Jun 21, 2021
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦး မြို့နယ်တွင် တံတားဦးစီးဌာန၊ တံတား အထူးအဖွဲ့ (၄) မှ တာဝန်ယူ တည်ဆောက်နေသော အရှည် ပေ ၃၀၀ ပန်းဆေးချောင်း တံတား တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့ ကို ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီး က လုပ်ငန်းများ အရည်အသွေးပြည့်မီရေး အထူးအလေးထား ဆောင်ရွက်ရန်၊ ယခင်တံတား ဟောင်းကို စနစ်တကျ ဖြုတ်သိမ်းပြီး တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်လမ်းပေါ်ရှိ တံတားအဖြစ် အကျိုးရှိစွာ ပြန်လည် အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်ရန်တို့ကိုမှာကြားကာ Over Lay Slab လုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှု၊ ကျန်ရှိသည့် Girder လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
Jun 21, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့နယ်၊ (ဇီးပင်ကြီး) ရှိ ဗဟိုဝန်ထမ်း တက္ကသိုလ်(အထက်မြန်မာပြည်)တွင် ဖွင့်လှစ်သည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေးသင်တန်း၊ အမှတ်စဉ်(၁)သို့ တက်ရောက်လျက်ရှိ သည့် သင်တန်းသား/သင်တန်းသူများကို တွေ့ဆုံသည်။
Jun 21, 2021
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အလုပ်သမားရေးရာ ဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ လုပ်ငန်းခွင်မွမ်းမံသင်တန်း အမှတ်စဉ် (၂/၂၀၂၁) သင်တန်း ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 21, 2021
နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြီးမှူးဖွင့်လှစ်သော သံရုံးဒုတိယအကြီးအကဲ သင်တန်း အမှတ်စဉ် (၂/၂၀၂၁) ဖွင့်ပွဲ အခမ်းအနားကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်ရှိ ဧရာဝတီအစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲတွင် ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြား သည်။
Jun 21, 2021
အာဆီယံစွမ်းအင်ဆိုင်ရာဝန်ကြီးများနှင့် ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီးတို့အကြား စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ နှင့်ပတ်သက်သည့် အထူးအစည်းအဝေး (The Special Meeting of ASEAN Ministers on Energy and Minister of Economy, Trade and Industry of Japan - SPECIAL AMEM-METI) ကို ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးနှင့် တာဝန်ရှိသူများ နေပြည်တော်မှ ပါဝင် တက်ရာက်သည်။
Jun 21, 2021
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန်သည် ဇွန် ၁၉ ရက် နံနက်ပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ် အရိုးရောဂါအထူးကုဆေးရုံကြီးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦ: အထူးအဖွဲ့(၁)မှ တာဝန်ယူတည်ဆောက်လျှက် ရှိသည့် ဆေးရုံတိုးချဲ့(၅)ထပ်ဆောင် ဆောက်လုပ်ခြင်း လုပ်ငန်းခွင်ကိုလည်းကောင်း၊ လမ်း မတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနနှင့် New World Co., Ltd ၊ Red- Roof Co.,Ltdတို့ B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတကာအဆင့်မီ ဝန်ဆောင်မှုပြည့်စုံ ကောင်းမွန်သော လူနေအိမ် ၊ ရုံးခန်းနှင့် ဈေးဆိုင်ခန်းများပါဝင်သည့် စီမံကိန်းနေရာကို လည်းကောင်း၊ မင်္ဂလာဒုံ စက်မှုဇုန်အတွင်းရှိ စက်ရုံများ လုပ်ငန်းဆောင် ရွက်နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
Jun 21, 2021
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကင်းမကျေးရွာ မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းမှားများအား ရည်ရွယ်ချက်ရှိရှိထုတ်ပြန်ခဲ့သည့် သတင်းဌာနအချို့နှင့် သံရုံးအချို့အား မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ၂၁−၆−၂၀၂၁ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်၍ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချခဲ့သည်။
Jun 21, 2021
ပြည်ပပို့ကုန်တိုးတက်ထုတ်လုပ်ရေးနှင့် သွင်းကုန် လျှော့ချနိုင်ရေးအတွက် ဒေသအလိုက် သီးနှံအလိုက် သီးနှံပုံစံများ ရေးဆွဲအကောင်အထည်ဖော်ရန် လိုကြောင်း၊ စိုက်ပျိုးရေးပညာရှင်များအနေဖြင့် သီးနှံအထွက် တိုးရေးအပြင် စိုက်ပျိုးထုတ်လုပ်မှု စရိတ်လျှော့ချနိုင်ရေးနှင့် အကျိုးအမြတ်တွက်ခြေ ကိုက်ရေးတို့ကိုအခြေခံသည့် တောင်သူအကျိုးရှိ စေမည့် သီးနှံပုံစံများ ဖော်ထုတ်ပေးရန်လိုအပ် ကြောင်း၊ အခြားတစ်ဖက်တွင်လည်း ပြည်ပသွင်းကုန် များကြောင့် သုံးစွဲနေရသည့် နိုင်ငံခြားသုံးငွေလျှော့ချ နိုင်ရေးအတွက် ဗျူဟာမြောက် စိုက်ပျိုးထုတ်လုပ်မှု ဖြစ်စေရေး အလေးထားကြိုးပမ်းကြစေလိုကြောင်း ယမန်နေ့က နေပြည်တော်ပျဉ်းမနားရှိ ကြံသုတေသန နှင့် နည်းပညာဖွံ့ဖြိုးရေးခြံ၌ ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက ပြောသည်။