Jun 19, 2021
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် မန္တလေးတိုင်းဒသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်ကိုနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်း ဒေသကြီးအတွင်း မြို့ပြအိမ်ရာ ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေရေးအတွက် ဆောင်ရွက်ထားရှိမှုတို့ကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။
Jun 19, 2021
(၂၀၂၁ ခုနှစ်၊ ဇွန်လ (၁၉)ရက်နေ့ ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Jun 19, 2021
(၂၀၂၁ ခုနှစ်၊ ဇွန်လ (၁၉)ရက်နေ့ ညနေ(၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Jun 19, 2021
တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်နေကြသော ပြည်သူလူထုအချို့အား အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်၊ လူထုအတွင်း အကြောက်တရားများလွှမ်းမိုးလာစေရန်နှင့် ငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သက် အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သူများက သေနတ်များ၊ တုတ်/ ဓားများ၊ လက်လုပ်ဗုံး၊ လက်ပစ်ဗုံး များအသုံးပြုကာ အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း သိရသည်။
Jun 19, 2021
မေး(၁) ။ ။ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ကျူးချောင်းကျေးရွာ အလယ်တန်းကျောင်းသူ ၂ ဦးကို တပ်မတော်သားအချို့က မုဒိမ်းကျင့်လို့ ကျောင်းမှာသေဆုံးသွားတယ်လို့ Social Media Facebook စာမျက်နှာပေါ်မှာ ပျံ့နှံ့နေတာ တွေ့ရပါတယ်။ အဲဒီသတင်းနဲ့ပတ်သက်ပြီး အခြေအနေမှန်ကို သိလိုပါတယ်။
Jun 19, 2021
၂၀၂၁ ခုနှစ်၊ ဇွန် ၁၅ ရက်တွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကင်းမကျေးရွာရှိ ဖောက်ခွဲ ရေးပစ္စည်းများနှင့် လက်လုပ်သေနတ်များ ပြုလုပ် ရောင်းချနေသူများအား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စဉ် ကျေးရွာအနီး အရောက်၌ လက်နက်ကိုင် အကြမ်းဖက်သူများက ပစ်ခတ်တိုက်ခိုက်၍ ကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့မှု ဖြစ်စဉ်နှင့်ပတ်သက်၍ ဇွန် ၁၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
Jun 19, 2021
စည်းကမ်းသည် လူ၏တန်ဖိုးဖြစ်သလို နိုင်ငံ၏ဂုဏ်ဒြပ်ဖြစ်သည်ကို စည်းကမ်းရှိသော နိုင်ငံ တစ်နိုင်ငံ၏ တိုးတက်မှုအဖုံဖုံ၊ စိတ်ချမ်းမြေ့မှု အသွယ်သွယ်တို့က သက်သေညွှန်းဆိုပြနေ ပေသည်။ စည်းကမ်းမရှိလျှင် ပရမ်းပတာဖြစ်ပြီး လူတို့၏ စိတ်နှလုံး ညစ်ညူးနောက်ကျိကာ တိုင်းပြည်နိုင်ငံလည်း ကျက်သရေမင်္ဂလာ တင့်တယ်ဖွယ်ရာများနှင့် ကင်းဝေးနေမည်ဖြစ်သည်။
Jun 19, 2021
ရောဂါကူးစက်မှုနှုန်း၊ ပြင်းထန်မှုနှုန်းနှင့် သေဆုံးမှုနှုန်းကို ပိုမိုမြင့်မားသည့် မျိုးရိုးဗီဇကွဲကိုဗစ်-၁၉ ရောဂါပိုးများ ကူးစက်ခံထားရသူများကို တွေ့ရှိရကြောင်း ဇွန်လ ၁၅ ရက်နေ့က ထုတ်ပြန် ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်အရ မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူများကို ကလေးမြို့၊ မြိတ်မြို့၊ မန္တလေးမြို့၊ တမူးမြို့၊ ရန်ကုန်မြို့တို့တွင် တွေ့ရှိခဲ့ရခြင်းဖြစ်ရာ မြန်မာနိုင်ငံ အနောက်ဖျားမှ တောင်ဖျားသို့ တစ်နံတစ်လျားဖြစ်နေပြီး လူနေအထူထပ်ဆုံး၊ ကူးသန်းသွားလာ မှု အများဆုံးနှင့် အလွယ်တကူအလျင်မြန်ဆုံး မြို့ကြီးနှစ်မြို့ဖြစ်သည့် မန္တလေးနှင့်ရန်ကုန်တို့ ပါဝင်နေကြခြင်းကလည်း အထူးဂရုပြုဖွယ်ပင်ဖြစ်သည်။