Skip to main content

Jun 22, 2021

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း၊ အမှုထမ်းများအတွက် အုပ်ချုပ်မှုစွမ်းရည် မြင့်မားရေး သင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 22, 2021

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံ ပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများအား ဇွန် ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံတစ်ဝန်း၌ တစ်ပြိုင်တည်း အေးချမ်းတည်ငြိမ်စွာ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 22, 2021

တိုင်းဒေသကြီး/ ပြည်နယ်များရှိမြို့နယ်အချို့၌ အေးချမ်းစွာနေထိုင်လိုသည့်ပြည်သူလူထုများ က ၎င်းတို့၏ သဘောဆန္ဒအလျောက် လက်လုပ်သေနတ်များနှင့် ဆက်စပ်ပစ္စည်းများအား အုပ်ချုပ်ရေး တာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်း ဒေသကြီး၊ ကျုံပျော်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ လက်လုပ်သေနတ် ၁၈ လက်၊ ဒူးလေး ၄ လက်နှင့် အခြားဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ ချင်းပြည်နယ်၊ မတူပီမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စုများမှ တူမီးသေနတ် ၅ လက်နှင့် နှစ်လုံးပြူးသေနတ် ၁ လက်တို့အား လည်းကောင်း ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက် အပ်နှံခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 22, 2021

ပြည်သူလူထုအတွက် အဓိကအကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မား ရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ပြည်သူလူထု၏ အရေးပေါ် ကျန်းမာရေး ဆိုင်ရာကုသမှုများ ဆောင်ရွက် ပေးနိုင်ရန်အတွက် တပ်မတော်ဆေးရုံ များနှင့် ယာယီကုသရေးဆေးရုံများ၌ ကျန်းမာရေးစောင့်ရှောက်မှုများကို နေ့ညမပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာပေါင်း ၂၅၂၈၀၅ ဦးနှင့် အတွင်းလူနာပေါင်း ၇၄၂၆၀ ဦးတို့ကို ကုသပေးနိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 22, 2021

တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့၌ လူမှုကူညီရေးယာဉ်နှင့် ယာဉ်မောင်းများ၊ အေးချမ်းစွာ နေထိုင်သော ပြည်သူများအား အကြမ်းဖက်သူများက တူမီးသေနတ်၊ ဓားများဖြင့် ချောင်းမြောင်း ပစ်ခတ်၊ ထိုးခုတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 22, 2021

တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်အချို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များထံမှ လက်နက်လုယူ ရန်ကြိုးစားခဲ့သူ အကြမ်းဖက်သမားများအား ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 22, 2021

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အမှတ်(၃)အခြေခံပညာမူလတန်း ကျောင်းအား အကြမ်းဖက်သူ ၂ ဦးက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 22, 2021

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကျောက်တံတားမြို့နယ် များတွင် ဖွင့်လှစ်ထားရှိသော “1 STOP SUPER MARKET” ဆိုင်များအား အကြမ်းဖက်သူများက မီးရှို့ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 22, 2021

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမျိုးလှိုင်သည် ဇွန် ၂၀ ရက် နံနက် ၉ နာရီ တွင် ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မိုးလုံ လေလုံအားကစားခန်းမ အမိုးနှင့်အခင်း ဆေးသုတ် ခြင်းလုပ်ငန်းများ၊ လျှပ်စစ်မီးပြန်လည်ပြုပြင်ပြီးစီးမှု ကိုလည်းကောင်း၊ မအူပင်မြို့နယ် ဘောလုံး အားကစားကွင်း အဆင့်မြှင့် တင်ခြင်းလုပ်ငန်း၊ ပွဲကြည့်စင် တည်ဆောက်ပြီးစီးနေမှုလုပ်ငန်းများ၊ အလေးမအားကစားရုံ ပျက်စီး ယိုယွင်း နေမှုများကို လည်းကောင်း၊ ဘတ်စကက်ဘောကွင်း၊ စားပွဲတင် တင်းနစ်ရုံ၊ ပိုက်ကျော်ခြင်း အားကစား ကွင်းများကို လည်းကောင်း ကြည့်ရှုစစ်ဆေး၍ ပြုပြင်ထိန်းသိမ်းပြီး ပြန်လည်မွမ်းမံနိုင်ရေးအတွက် လိုအပ် သည်များကို တာဝန်ရှိသူများအား မှာကြားသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ညောင်တုန်းမြို့နယ် မိုးလုံလေလုံ အားကစားရုံကို ကြည့်ရှုစစ်ဆေး၍ သဘာဝဘေးအန္တရာယ်ကြောင့် ပြိုကျပျက်စီးသွားသော အုတ်နံရံများ ပြန်လည် ပြုပြင်ရေးကိစ္စရပ်များ၊ မြို့နယ်ဘောလုံးအားကစား ကွင်း မြေဖို့ပြုပြင်ရန် လိုအပ်သည့်ကိစ္စရပ်များကို မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 22, 2021

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် သည် ဇွန် ၁၈ ရက်တွင် မကွေးတိုင်းဒေသကြီး မြို့သစ်၊ တောင်တွင်းကြီး၊ မင်းလှ၊ မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ ဆိပ်ဖြူနှင့် ချောက်မြို့နယ်တို့ရှိ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများကို ကြည့်ရှု စစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံသည်။ ထို့ပြင် မင်းဘူးမြို့ရှိ မြန်မာ့ရုပ်မြင်သံကြား ထပ်ဆင့်လွှင့် စက်ရုံကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်