Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက ကြံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံ

နေပြည်တော် ဇွန် ၂၀

 ပြည်ပပို့ကုန်တိုးတက်ထုတ်လုပ်ရေးနှင့် သွင်းကုန် လျှော့ချနိုင်ရေးအတွက် ဒေသအလိုက် သီးနှံအလိုက် သီးနှံပုံစံများ ရေးဆွဲအကောင်အထည်ဖော်ရန် လိုကြောင်း၊ စိုက်ပျိုးရေးပညာရှင်များအနေဖြင့် သီးနှံအထွက် တိုးရေးအပြင် စိုက်ပျိုးထုတ်လုပ်မှု စရိတ်လျှော့ချနိုင်ရေးနှင့် အကျိုးအမြတ်တွက်ခြေ ကိုက်ရေးတို့ကိုအခြေခံသည့် တောင်သူအကျိုးရှိ စေမည့် သီးနှံပုံစံများ ဖော်ထုတ်ပေးရန်လိုအပ် ကြောင်း၊ အခြားတစ်ဖက်တွင်လည်း ပြည်ပသွင်းကုန် များကြောင့် သုံးစွဲနေရသည့် နိုင်ငံခြားသုံးငွေလျှော့ချ နိုင်ရေးအတွက် ဗျူဟာမြောက် စိုက်ပျိုးထုတ်လုပ်မှု ဖြစ်စေရေး အလေးထားကြိုးပမ်းကြစေလိုကြောင်း ယမန်နေ့က နေပြည်တော်ပျဉ်းမနားရှိ ကြံသုတေသန နှင့် နည်းပညာဖွံ့ဖြိုးရေးခြံ၌ ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက ပြောသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ငါးဖမ်းရေယာဉ်စောင့်ကြည့် ထိန်းချုပ်ရေးဗဟိုဌာန (နေပြည်တော်)တွင် VMS စနစ်ဖြင့် ငါးဖမ်းရေယာဉ် များအား စောင့်ကြည့်ထိန်းချုပ်နေမှုကို ကြည့်ရှု စစ်ဆေးသည်။ ။

အလားတူ ဒုတိယဝန်ကြီးသည် နေပြည်တော်  ရုံးအမှတ်(၃၆)တွင် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Service-Oss) သို့ရောက်ရှိကြပြီး တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း ပို့ကုန်သွင်းကုန်များအတွက် ကျန်းမာရေးဆိုင်ရာ

ထောက်ခံချက်များနှင့် ဝန်ဆောင်မှုအားလုံးကို တစ်နေရာတည်းတွင် အလုံးစုံဝန်ဆောင်ပေးနေမှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်