Skip to main content

ဒုတိယဝန်ကြီး ဦးမင်းထိန် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ဇွန် ၂၁

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန်သည် ဇွန် ၁၉ ရက် နံနက်ပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ် အရိုးရောဂါအထူးကုဆေးရုံကြီးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦ: အထူးအဖွဲ့(၁)မှ တာဝန်ယူတည်ဆောက်လျှက် ရှိသည့် ဆေးရုံတိုးချဲ့(၅)ထပ်ဆောင် ဆောက်လုပ်ခြင်း လုပ်ငန်းခွင်ကိုလည်းကောင်း၊ လမ်း မတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနနှင့် New World Co., Ltd ၊ Red- Roof Co.,Ltdတို့  B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတကာအဆင့်မီ ဝန်ဆောင်မှုပြည့်စုံ ကောင်းမွန်သော လူနေအိမ် ၊ ရုံးခန်းနှင့် ဈေးဆိုင်ခန်းများပါဝင်သည့် စီမံကိန်းနေရာကို လည်းကောင်း၊ မင်္ဂလာဒုံ စက်မှုဇုန်အတွင်းရှိ စက်ရုံများ လုပ်ငန်းဆောင် ရွက်နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးနှင့် ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးတို့သည် ဇွန် ၂၀ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) တွင်ဆောင်ရွက်နေသည့် ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေးစီမံကိန်းကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် မက်(စ်)ဟိုင်းဝေးကုမ္ပဏီလီမိတက်မှ B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ရန်ကုန် - ပဲခူးလမ်းပိုင်းကိုလည်းကောင်း၊ ရွှေသံလွင် ဟိုင်းဝေး ကုမ္ပဏီလီမိတက်မှ လမ်းလုပ်ငန်းဆောင်ရွက်နေသည့် ပဲခူးမြို့ ရှောင်လမ်းကိုလည်းကောင်း၊ Oriental Highway Company Limited မှ B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည့်  ရေတာရှည် - ပျဉ်းမနား-ရမည်းသင်းလမ်းပိုင်းကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)