နေပြည်တော် ဇွန် ၂၁
နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြီးမှူးဖွင့်လှစ်သော သံရုံးဒုတိယအကြီးအကဲ သင်တန်း အမှတ်စဉ် (၂/၂၀၂၁) ဖွင့်ပွဲ အခမ်းအနားကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်ရှိ ဧရာဝတီအစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲတွင် ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြား သည်။
အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး၊ ဉီးစီးဌာနအသီးသီး မှ ညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းသား/ သင်တန်းသူများနှင့် တာဝန်ရှိသူများတက် ရောက်ကြသည်။
အဆိုပါ သင်တန်းကို ဇွန် ၂၁ ရက်မှ ဇူလိုင် ၁၆ ရက်အထိ Covid-19 စည်းကမ်းများနှင့် အညီ ရက်သတ္တ (၄) ပတ်ကြာ နေ့စဉ် နံနက် ၉ နာရီခွဲမှ မွန်းလွဲ ၁၂ နာရီခွဲထိ လုပ်ငန်းခွင်မပျက် ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသို့ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာနတို့မှ လက်ထောက်ညွှန်ကြားရေးမှူးမှ ညွှန်ကြားရေးမှူး အဆင့် အရာထမ်း စုစုပေါင်း (၂၇) ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)