နေပြည်တော် ဇွန် ၂၁
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကင်းမကျေးရွာ မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းမှားများအား ရည်ရွယ်ချက်ရှိရှိထုတ်ပြန်ခဲ့သည့် သတင်းဌာနအချို့နှင့် သံရုံးအချို့အား မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ၂၁−၆−၂၀၂၁ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်၍ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် သတင်းဌာနအချို့နှင့် သံရုံးအချို့က ရည်ရွယ်ချက် ရှိရှိဖြင့် သတင်းမှား များ ထုတ်ပြန်ခြင်းသည် နိုင်ငံတကာပေါင်းစည်း ညီညွတ်ရေးအတွက် ဦးစီးဦးဆောင်ပြု ဆောင်ရွက်လျက်ရှိသော ကမ္ဘာ့အဖွဲ့အစည်းကြီးက မြန်မာနိုင်ငံ၏ပြည်တွင်းရေးကို ဖိအားပေးနိုင် ရန်အတွက် အချိန်ကိုက်ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။