Skip to main content

Jun 22, 2021

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၏ ၂၀၂၁ ခုနှစ် မိုးရာသီ MRTV - ညွှန်ကြား ရေးမှူးချုပ်ဖလား ဘောလုံးပြိုင်ပွဲကို ယနေ့ညနေက နေပြည်တော် - တပ်ကုန်းရှိ MRTဘောလုံးကစား ကွင်း၌ ကျင်းပသည်။ “ ဗိုလ်လုပွဲတွင် မြန်မာ့အသံနှင့်ဦးရဲနိုင်နှင့် တက်ရောက်အားပေးကြသော တပ်ကုန်း မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆုချီးမြှင့်ပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 22, 2021

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ လုံခြုံရေးကောင်စီအတွင်းရေးမှူး Mr.Nikolai Plato-novich Patrushev နှင့် ယနေ့နံနက်ဒေသစံတော်ချိန် ၁၀ နာရီခွဲခန့်တွင် လုံခြုံရေးကောင်စီ အတွင်းရေးမှူး ရုံး၌ တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 22, 2021

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ကြီးမှူးဖွင့်လှစ်မည့် သတင်းမီဒီယာ သမားများ အရည်အသွေးမြှင့်တင်ရေး သင်တန်းကို ၂၀၂၁ ခုနှစ် ဇူလိုင် ၂၀ ရက်မှ ၃၁ ရက်အထိ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီရုံးအမှတ် (၃၉၂/၃၉၆) ကုန်သည်လမ်း ဗိုလ်တထောင် မြို့နယ် တွင် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ် ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 22, 2021

မြန်မာနိုင်ငံသည် လွတ်လပ်သောနိုင်ငံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အချုပ် အခြာအာဏာ ပိုင်ဆိုင်သည့်နိုင်ငံဖြစ်သည်။ ကမ္ဘာ့နိုင်ငံများနှင့် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲရပ်တည် နေထိုင်လျက်ရှိသည်။ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အခြားနိုင်ငံများ၏ ပြည်တွင်း ရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုပေ။ မိမိတို့၏ ပြည်တွင်းရေးကို အခြားနိုင်ငံများမှ ဝင်ရောက်စွက်ဖက်လျှင်လည်း လက်ခံခြင်း မရှိပေ။

ဆက်လက်ဖတ်ရှုရန်

Jun 22, 2021

မြန်မာနိုင်ငံတွင် ရေချိုငါးလုပ်ငန်းနှင့် ရေငန်ငါးလုပ်ငန်းဟူ၍ ငါး ပုစွန် ဖမ်းဆီးထုတ်လုပ်သည့် လုပ်ငန်းနှစ်မျိုးရှိရာ ယခုအခါ အဆိုပါ ငါးလုပ်ငန်းနှစ်မျိုးစလုံး၌ပင် ငါး ပုစွန်သယံဇာတများ ရှားပါးလျော့နည်းလာနေသည်ဟု သိရသည်။ ငါး ပုစွန်သယံဇာတ ရေရှည်တည်တံ့ ဖွံ့ဖြိုးစေရန်အတွက် ရေချို ရေငန်ငါးလုပ်ငန်းများကို ငါးမဖမ်းရရာသီ သတ်မှတ်ကာ ထိန်းသိမ်း လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 21, 2021

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ(မော်စကို)ရှိ ရွှေတိဂုံစေတီတော်ပုံ တူတော်မြတ်အား ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီး တော်တင်လှူပူဇော်ခြင်းနှင့် သဒ္ဓမ္မ ဇောတိက သိမ်တော်မြတ်အား ရေစက်သွန်းချ လှူဒါန်းခြင်း မင်္ဂလာအခမ်းအနားများကို ဒေသစံ တော်ချိန် မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ် ရာ ကျောင်းထိုင်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ အစ္ဆရိယ အမှူးပြုသည့် ဆရာတော်၊သံဃာတော်များကြွရောက် ချီးမြှင့်တော်မူ ကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ မြန်မာ့တပ်မတော်မှ ပညာတော်သင် သင်တန်းသားအရာရှိများ၊ ဗုဒ္ဓဘာသာဝင် ရုရှား နိုင်ငံသားများ တက်ရောက် ကြည်ညိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 21, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေး ဝန်ကြီး Army General Sergei Kuzhugetovich Shoigu ၏ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်း နိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၉)ကြိမ် မြောက်နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ (Moscow Conference on International Security-2021(MCIS-2021))သို့ တက်ရောက်ရန်အတွက် ဇွန် ၂၀ ရက် နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)မှ အထူးလေယာဉ်ဖြင့် နေပြည်တော် တပ်မတော်လေဆိပ်မှ ထွက်ခွာခဲ့ကြပြီး ဒေသစံတော်ချိန်ညနေပိုင်းတွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ Sheremetyevo အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 21, 2021

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၇ နာရီတွင် နေပြည်တော်ဘူတာကြီးပုရဝုဏ်အတွင်း၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ် ကြီး တင်အောင်စန်းနှင့်ဇနီး၊ ဒုတိယဝန်ကြီးများနှင့်ဇနီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဇနီးများ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ အထွေထွေမန်နေဂျာများ နှင့် အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 21, 2021

တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန တိုင်းရင်းသား စာပေသင်ကြားသည့် Teaching Assistant (TA) နှင့် Language Teacher (LT) ခန့်ထားရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည့် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 21, 2021

စားသုံးသူများထိရောက်စွာ အကာအကွယ်ပေးနိုင်ရေးနှင့် ကုန်ထုတ် စွမ်းအား အရည်အသွေး မြင့်မားရေး ရည်ရွယ်၍ စစ်ဆေးရေးမှူးများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (၁/၂၀၂၁) ကို ယနေ့နံနက် ၉ နာရီခွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညီလာခံခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်