နေပြည်တော် ဇွန် ၂၁
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အလုပ်သမားရေးရာ ဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ လုပ်ငန်းခွင်မွမ်းမံသင်တန်း အမှတ်စဉ် (၂/၂၀၂၁) သင်တန်း ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အလုပ်သမားရေးရာဆိုင်ရာ ဝန်ထမ်းများသည် အလုပ်သမားများ၏ အကျိုး ခံစားခွင့်ကို ကာကွယ်စောင့်ရှောက်ကြရပြီး အလုပ်သမားများ၏ ရပိုင်ခွင့်ကို ပြည့်ပြည့်ဝဝရ ရှိနိုင်ရေးအတွက် ဥပဒေနှင့်အညီ ကြိုးပမ်းဖော်ဆောင်ပေး နေကြသူ များဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ဌာနမှ ထုတ်ပြန်ထားသည့် ဥပဒေ၊ လုပ်ထုံး လုပ်နည်းများ ကို စနစ်တကျ တက်ကျွမ်းနားလည်မှသာ အလုပ်သမားများ၏ အကျိုးအတွက် ထိထိ ရောက်ရောက် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှ ပို့ချမည့်ဘာ သာရပ်များအပေါ် လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံများနှင့် နှိုင်းယှဉ်၍ လုပ်ငန်းစွမ်းဆောင်ရည် ပြည့်ဝနေစေရေးအတွက် အစဉ်လေ့လာသင်ယူကာ ပေးအပ်သည့် တာဝန်များကို ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ရှင်းလင်း ပြောကြား သည်။
သင်တန်းသို့ နေပြည်တော်ရုံးချုပ်မှ အင်အား (၂၀) နှင့် တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးရှိရုံးများမှ virtual စနစ်ဖြင့် တက်ရောက်မည့်အင်အား (၇၂) ဦး၊ စုစုပေါင်း အရာထမ်း၊ အမှု ထမ်းသင်တန်းသား (၉၂)ဦး တက်ရောက်၍ သင်တန်းကာလမှာ ရက်သတ္တ တစ်ပတ် ကြာမြင့် မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)