Skip to main content

အာဆီယံ စွမ်းအင်ဆိုင်ရာဝန်ကြီးများနှင့် ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီးတို့ စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စများ ဆွေးနွေး


နေပြည်တော် ဇွန် ၂၁


အာဆီယံစွမ်းအင်ဆိုင်ရာဝန်ကြီးများနှင့် ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီးတို့အကြား စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ နှင့်ပတ်သက်သည့် အထူးအစည်းအဝေး (The Special Meeting of ASEAN Ministers on Energy and Minister of Economy, Trade and Industry of Japan - SPECIAL AMEM-METI) ကို ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးနှင့် တာဝန်ရှိသူများ နေပြည်တော်မှ ပါဝင် တက်ရာက်သည်။


အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စွမ်းအင်ဆိုင်ရာဝန်ကြီးများ၊ ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီးနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ တက်ရောက်ကြပြီး ဗီယက်နမ်နိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးက အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။


အစည်းအဝေးတွင် အာဆီယံနိုင်ငံများနှင့် ဂျပန်နိုင်ငံတို့မှ မိမိတို့နိုင်ငံအလိုက် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒချမှတ်ဆောင်ရွက်နေမှု၊ လက်ရှိစွမ်းအင်ထုတ်လုပ် သုံးစွဲမှုနှင့် ကာဗွန်ထုတ်လွှတ်မှု လျော့ချရေး ဆောင်ရွက်နေမှု အစီအမံများကို ဆွေးနွေးကြ သည်။


ထို့ပြင် အာဆီယံဒေသတွင်း စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံ စွမ်းအင် ကဏ္ဍပူးပေါင်းဆောင်ရွက်မှုအစီအစဉ် ၂၀၂၁-၂၀၂၅ (ASEAN Plan of Actions for Energy Cooperation-APAEC Phase II, 2021-2025) အကောင်အထည်ဖော်ဆောင်ရွက် ရေးကိစ္စရပ်များ၊ ဂျပန်နိုင်ငံနှင့် အာဆီယံတို့အကြားပူးပေါင်းဆောင်ရွက်မည့် သန့်စင်သော ကျောက်မီးသွေး နည်းပညာ (Clean Coal Technology - CCT)၊ ကာဗွန်ထုတ်လွှတ်မှု လျော့ချရေးအတွက် Carbon Capture, Utilization and Storage (CCUS) နည်းပညာ ကူညီပံ့ပိုးရေး၊ ဟိုက်ဒရိုဂျင် စွမ်းအင်ထုတ်လုပ် သုံးစွဲရေး၊ စွမ်းအင်ခြိုးခြံချွေတာရေးနှင့် စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲနိုင်ရေး၊ ပြန်ပြည့်မြဲ စွမ်းအင်တိုးမြှင့်သုံးစွဲမှု အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ရေး၊ Green Energy ကဏ္ဍအတွက် လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို အပြန်အလှန်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


 (သတင်းစဉ်)