နေပြည်တော် ဇူလိုင် ၁၄
COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင်လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော်အနေဖြင့် အောက်ဆီဂျင်အိုးများကို ဆေးရုံများနှင့် COVID-19 ရောဂါကုသရေးဌာနများ အရောက် သွားရောက်လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ပညာရေးဒီဂရီ ကောလိပ်၌ ဖွင့်လှစ်ထားရှိသည့် Quarantine Center သို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက Oxygen အိုး ၁၀၀ လုံးကို တပ်မတော် Oxygen Plan များမှ အောက်ဆီဂျင် များဖြည့်သွင်းပြီး တပ်မတော်မော်တော်ယာဉ်များဖြင့် သွားရောက်ပေးအပ် လှူဒါန်းသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး ၃၅ လုံး၊ သန်လျင်မြို့နယ် ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး ၂၅ လုံး၊ ကျောက်တန်းမြို့နယ် ပြည်သူ့ဆေးရုံ သို့ အောက်ဆီဂျင်အိုး ၃၆ လုံး၊ သုံးခွမြို့နယ်ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး ၂၃ လုံး၊ ဒလမြို့နယ်ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး ၁၅ လုံး၊ တွံတေးမြို့နယ် ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး ၅ လုံး၊ မှော်ဘီမြို့နယ်ရှိ တပ်မတော်ဆေးဘက်ပညာသင်ကျောင်းသို့ အောက်ဆီဂျင်အိုး ၅၀၊ သန်လျင်မြို့နယ်ရှိ တပ်မတော်ဆေးဘက်ပညာသင်ကျောင်းသို့ အောက်ဆီဂျင်အိုး ၂၇လုံး၊ ဗိုလ်တထောင်မြို့နယ်ရှိ နယ်မြေခံတပ်မတော် ဆေးရုံသို့ အောက်ဆီဂျင်အိုး ၂၅ လုံးနှင့် မြို့နယ်အသီးသီးရှိ ပရဟိတအဖွဲ့အစည်းများသို့ အောက်ဆီဂျင်အိုး ၁၂၀ တို့ကို သန်လျင်တပ်နယ်နှင့် ဒလတပ်နယ်တို့မှ နယ်မြေခံ တပ်မတော်သားများက သန်လျင်တပ်နယ်ရှိ တပ်မတော် Oxygen Plan များမှ အောက်ဆီဂျင်များ ဖြည့်သွင်းပြီးပရဟိတ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ယနေ့တွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်