Skip to main content

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အထောက်အကူပြု စေရန်အတွက် စေတနာရှင်အလှူရှင်များက အောက်ဆီဂျင်အိုးများနှင့် နှာခေါင်းစည်းများ လှူဒါန်း

နေပြည်တော် ဇူလိုင် ၁၄

 
လက်ရှိအချိန်တွင် COVID-19 ရောဂါ တတိယလှိုင်းဖြစ်ပွားမှု မြင့်တက်လျက်ရှိပြီး ဓာတ်ခွဲ အတည်ပြုပိုးတွေ့လူနာများကို ကုသရေးလုပ်ငန်းများနှင့် ကန့်သတ် စောင့်ကြည့်ရမည့် လူနာများကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက် ပေးရာတွင် လိုအပ်သည့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများ၊ အောက်ဆီဂျင်အိုးများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို စေတနာ ရှင်အလှူရှင်များက တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် COVID Center များသို့ လာရောက်လှူဒါန်းလျက်ရှိသည်။

 
ထိုသို့လာရောက်လှူဒါန်းလျက်ရှိရာ ရောဂါအတည်ပြု လူနာများအတွက် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်အတွက် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ ခရိုင်ပြည်သူ့ ဆေးရုံသစ်သို့ တစ်လုံးလျှင် ၈ သိန်းတန်ဖိုးရှိ အသက်ရှူ စက် ၄ လုံး၊ ၄၀ လီတာ အောက်ဆီဂျင်အိုး ၁၄၀ လုံးနှင့် အလှူငွေများကို စေတနာရှင် အလှူရှင် များက ယနေ့နံနက်ပိုင်းတွင် လာရောက်လှူဒါန်းကြရာ ခရိုင်ဆေးရုံအုပ်ကြီးက လက်ခံရယူခဲ့သည်။

 
အလားတူ တပ်မတော်မှ ဆောင်ရွက်ပေးလျက်ရှိသည့် COVID -19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ စေတနာရှင်အလှူရှင်များက Mask ၅ သိန်းနှင့် ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများကို လာရောက်လှူဒါန်းရာ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်