နေပြည်တော် ဇူလိုင် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့ရှိ အင်းလေးကန်ရေရှည်တည်တံ့ ခိုင်မြဲရေး၊ ရေဝေရေလဲဧရိယာများထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်း စိုပြေရေးအတွက် အင်းလေးကန်အနီးပတ်ဝန်းကျင်ရှိ တောင်ကုန်းတောင်တန်းများ ပေါ်သို့ ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ တပ်မတော်ရဟတ်ယာဉ်ဖြင့် မျိုးစေ့ကြဲချစိုက်ပျိုးခြင်းများ ဆောင်ရွက်ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် တာဝန်ရှိသူများက ကြဲချစိုက်ပျိုးမည့် မယ်ဇလီ၊ ထင်းရှူး၊ ကယ်ရီရားနား၊ ဘောစကိုင်း၊ မန်ကျည်း၊ ရေသင်းဝင်၊ မျောက်ငို၊ ပင်စိမ်းစသည့် သစ်စေ့မြေလုံး(Seed balls) စုစုပေါင်း ၂၀၀၀၀၀ လုံးကို တပ်မတော်ရဟတ်ယာဉ်ဖြင့် သယ်ဆောင်၍ အင်းလေးကန် အနီး ပတ်ဝန်းကျင်ရှိ တောင်ကုန်းတောင်တန်းများပေါ်သို့ ကြဲချစိုက်ပျိုးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်