နေပြည်တော် ဇူလိုင် ၁၄
COVID-19 ရောဂါတတိယလှိုင်း ဖြစ်ပွားလျက်ရှိပြီး ရောဂါကူးစက်ပြန့်ပွားမှုမှာ နေ့စဉ်မြင့်တက် လျက်ရှိသောကြောင့် ရောဂါကူးစက်မှုမခံရစေရေးအတွက် နေပြည်တော် ကောင်စီနယ်မြေ၊ ကချင် ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက ဇူလိုင် ၁၃ ရက်နှင့် ယနေ့ညပိုင်းတို့တွင် အပြင်ထွက်တိုင်း Mask တပ်ရန်၊ လူစုလူဝေးများရှောင်ရှားရန်နှင့် မပြုလုပ်ရန်၊ လက်ကိုဆပ်ပြာနှင့်မကြာခဏ ဆေးကြောခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ကိုသန့်စင်ခြင်းများ ပြုလုပ်ကြရန်၊ မလိုအပ်ဘဲအိမ်အပြင်သို့ သွားရောက်ခြင်းမပြုလုပ်ရန်၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီမှအသိပေး ပန်ကြားချက်များကို တိကျလိုက်နာရန် စသည့် အသိပေးနှိုးဆော်မှုများကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်