Skip to main content

ပြင်ဦးလွင်မြို့နယ်ရှိ မီးသတ်တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများနှင့် COVID-19 ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်

နေပြည်တော် ဇူလိုင် ၁၄

Coronavirus Disease 2019(COVID-19) ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်း များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ် ချက်များရှိလာသဖြင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စားရေး အဆင်ပြေစေရေးအတွက် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များက စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်လျက်ရှိသည်။

 

ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြင်ဦးလွင် တပ်နယ်မှ တာဝန် ရှိသူများက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ မီးသတ်တပ်ဖွဲ့ဝင်များအတွက် ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများ၊ PPE ဝတ်စုံ ၁၀ စုံ၊ Mask ၁၀၀ ခု၊ Surgical Mask ၂၀၀ ခုနှင့် လက်သန့်ဆေးရည် ၃၀ ဘူးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်