Skip to main content

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ၁၆ မိုင် စစ်ဆေးရေးစခန်း၌ ငွေကျပ်သိန်း ၃၄၈၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော် ဩဂုတ် ၁၈

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီး မြို့နယ် ၁၆ မိုင် စစ်ဆေးရေးစခန်း ၌ ငွေကျပ်သိန်း ၃၄၈၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၄၀၀၀ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

စစ်ဆေးဖော်ထုတ်

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဩဂုတ် ၁၇ ရက် နံနက် ၅ နာရီခွဲတွင် ပုသိမ်ကြီးမြို့နယ် ၁၆ မိုင် စစ်ဆေးရေးစခန်း၌ မူဆယ်မှမန္တလေးသို့အေးမင်းထွန်း (၃၄)နှစ် မောင်းနှင်ပြီး ချစ်ဗိုလ် (၃၀)နှစ် လိုက်ပါလာသည့် ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ငွေကျပ်သိန်း ၃၄၈၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၁၇၄၀၀၀ကို တွေ့ရှိခဲ့ပြီး ကွင်းဆက်အရ ယင်းစိတ်ကြွ ရူးသွပ်ဆေးပြားများ လက်ခံမည့်သူ ဖက်တီး(ခ)မျိုးကိုကို (၃၀)နှစ်ကိုနံနက် ၇ နာရီတွင် ချမ်းအေးသာစံ မြို့နယ် (၈၅)လမ်းနှင့် (၈၆)လမ်းကြား၊ (၃၅)လမ်းရှိ နေအိမ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ငါးပြား၊ Crown ယာဉ်တစ်စီးနှင့် လည်းကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မှ စိတ်ကြွရူးသွပ်ဆေးပြားများ တင်ပို့ပေးခဲ့ သူ နန်းမွေနွမ်းလှိုင် (၂၉)နှစ်ကို မွန်းလွဲ ၁ နာရီခန့်တွင် မူဆယ်မြို့ ကောင်းနောင်ရပ်ကွက် အမှတ် (၁၂၈)နေအိမ်တွင် လည်းကောင်း ဆက်လက် ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်