နေပြည်တော် ဩဂုတ် ၁၈
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၇ ရက် မွန်းလွဲ ၂ နာရီတွင် မိုးညှင်းမြို့နယ် နန့်မွန်းမြို့ လုံးစန့်ကျေးရွာအနီး၌ မြင့်နိုင် မောင်းနှင်ပြီး ကျော်လှ လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၃၇၀၀ နှင့် ဓားမြှောင်တစ်ချောင်းတို့ကိုလည်းကောင်း၊ ထိုနေ့ မွန်းလွဲ ၁ နာရီတွင် ဘားအံမြို့နယ် ဘားအံ-အိန္ဒုသွားကားလမ်း ကော့ခမိတ်ကျေးရွာ ကော့ခမိတ်တောင်ကြားလမ်း၌ ထိန်လင်းအောင် မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ ကိုလည်းကောင်း။
ထို့အတူ ဩဂုတ် ၁၇ ရက် ညနေ ၆ နာရီခွဲတွင် မြဝတီမြို့ အမှတ်(၄) ရပ်ကွက် အောင်သိပ္ပံလမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ ချာကူးကူး(ခ) အငယ်လေးနှင့် မသဇင်ထွေးတို့ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၄၇၅၆ ပြားကိုလည်းကောင်း၊ ယင်းနေ့နံနက် ၁၀ နာရီတွင် ကလေးမြို့ ပင်လုံရပ်ကွက် နယ်မြေ(၄) ဗန္ဓုလလမ်း အမှတ်(၈၉)ရှိ မငဲ့ကျိန်၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈၂၀၀ ကို လည်းကောင်း၊ အလားတူယင်းနေ့နံနက် ၉ နာရီခွဲတွင် ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာ မလွှဲတောင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လွင်မောင်မောင် မောင်းနှင်ပြီး အောင်ကျော်စိုးနှင့် သန့်ဇင်တို့ လိုက်ပါ လာသည့် ခရီးသည်တင်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ် တွင် ကိုမြင့်ဆွေ(မြိတ်)အမည်ပါ စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅၀၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ညနေ ၅ နာရီခွဲတွင် စိတ်ကြွရူးသွပ်ဆေးပြားများ တင်ပို့ပေးခဲ့သူ ယာဉ်လိုင်းဂိတ်မှူး မြင့်ဝင်း (ခ)ညွန့်ဝင်းကို မင်္ဂလာဒုံမြို့နယ် ချစ်တီးကုန်းရပ်ကွက် အောင်မင်္ဂလာ အဝေးပြေးကားဝင်းအတွင်းရှိ ကားဂိတ်၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ထို့နောက် ဩဂုတ် ၁၇ ရက် နံနက် ၁၁ နာရီခွဲတွင် မောင်တော မြို့နယ် အောင်ဇူ-ခမောင်းဆိပ်သွား ကားလမ်း ခမောင်းဆိပ်ကျေးရွာ အနီး၌ မသင်္ကာဖွယ်လမ်းလျှောက်လာသူ စံသာမောင်၊ ထွေးသာစိန် နှင့် ကျော်ထွန်းတို့ကို စစ်ဆေးရှာဖွေရာ စံသာမောင်ထံမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၉၅၀၀ ကိုလည်းကောင်း၊ ထွေးသာစိန်ထံမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၉၅၀၀ ကိုလည်းကောင်း၊ ကျော်ထွန်းထံမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၉၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်