Skip to main content

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ SEACEN Virtual High-Level Seminar and Meeting of Deputy Governors of Financial Stability and Supervision ဒုတိယဥက္ကဋ္ဌများ၏ အစည်းအဝေး တက်ရောက်

နေပြည်တော် ဩဂုတ် ၁၉



အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ (SEACEN Centre) က ကြီးမှူးကျင်းပသည့် SEACEN Virtual High-Level Seminar and Meeting of Deputy Governors of Financial Stability and Supervision ဒုတိယဥက္ကဋ္ဌများ၏ အစည်း အဝေးကို ယမန်နေ့  နံနက် (၇) နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် ဘဏ္ဍာရေးတည်ငြိမ်ရေးနှင့် ဘဏ်လုပ်ငန်းကြီး ကြပ်စစ်ဆေးခြင်း၊ ဆုံးရှုံးနိုင်ခြေများ၊ တီထွင်ဆန်းသစ်မှုများ၊ Climate Risk တို့နှင့်ပတ်သက်၍  SEACEN အဖွဲ့ ဝင်ဗဟိုဘဏ်များ/ ငွေကြေးအာဏာပိုင်တို့မှ ဒုတိယဥက္ကဋ္ဌများ၊ ဘာသာရပ်ဆိုင်ရာ ဆွေးနွေးသူများ၊ SEACEN Centre အမှုဆောင်ဒါရိုက်တာနှင့် ဒါရိုက်တာများ၊ အဆင့်မြင့် ကိုယ်စားလှယ်များ တက်ရောက်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ တက်ရောက်သည်။

အစည်းအဝေး၌ ၂၀၂၁ ခုနှစ်အတွက် SEACEN Virtual High-Level Seminar တွင် FinTechs and Big Techs တို့နှင့်ပတ်သက်၍ United States Department of the Treasury  မှ ဒါရိုက်တာ  Mr. James Freis က လည်းကောင်း၊ Data များ စီမံခန့်ခွဲမှု၊ တွေ့ကြုံရသည့် အခက်အခဲများ၊ ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ဘဏ်လုပ်ငန်းဆိုင်ရာ ဆုံးရှုံးနိုင်ခြေများ၊ ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးနိုင်ခြေများ၊ ဗဟိုဘဏ်များ၏ ဒီဂျစ်တယ် ငွေကြေး ဆောင်ရွက်မှုများ၊ Recent Cyber Attacks ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဘာသာရပ်ဆိုင်ရာ ပညာရှင်များကလည်းကောင်း တင်ပြဆွေးနွေးရာ တက်ရောက်လာကြသည့် ဗဟိုဘဏ်အသီးသီးမှ ဒုတိယဥက္ကဋ္ဌများနှင့် အဆင့်မြင့် ကိုယ်စားလှယ်များက အမြင်ချင်းဖလှယ် ဆွေးနွေးပြောကြားသည်။

ထို့နောက် အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ရာ ၂၀၂၁ ခုနှစ်အတွင်း  SEACEN မှ ကြီးမှုးကျင်းပသည့်  Financial Stability and Supervision  နှင့် ပတ်သက်သည့် သင်တန်း များ၊ သုတေသနစီမံကိန်းများ၊ လတ်တလော ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းများ၊ လာမည့် ၂၀၂၂ ခုနှစ်တွင် ကျင်းပရန်  ရည်ရွယ်ထားသည့် Financial Stability and Supervision  နှင့် ပတ်သက်သည့် သင်တန်းများ၊ သုတေသနစီမံကိန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြကြောင်း သိရသည်။     

(သတင်းစဉ်)