Aug 28, 2021
တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
Aug 28, 2021
ဒစ်ဂျစ်တယ် နည်းလမ်းများဖြင့် ရောင်းဝယ် ဖောက်ကား လုပ်ဆောင်ပေးသွားမည့် ကမ္ဘာ့ အကြီးဆုံး မလေးရှားနိုင်ငံတကာ ဟလာပွဲတော်ကို မလေးရှား ပြင်ပကုန်သွယ်မှု ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်း (MATRADE) က ဦးစီး၍ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၉ ရက်မှ ဒီဇင်ဘာ ၃၁ ရက် နေ့အထိ ကျင်းပမည်ဖြစ်သည်။
Aug 28, 2021
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ပြင်ဦးလွင်မြို့ရှိ သတင်းသမားများအတွက် Press Helmet များ ထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးစာကြည့်တိုက်၌ကျင်းပသည်။
Aug 28, 2021
မြန်မာနိုင်ငံဒေသအချို့တွင် လစ်လျှင်လစ်သလို ဖြစ်ပေါ်လာတက်သည့် အကြမ်းဖက်သတ်ဖြတ် မှု၊ ဖောက်ခွဲမှု၊ မီးရှို့ဖျက်ဆီးမှု လုပ်ရပ်များကစ်စတစ်စ ပါးလျားလာခဲ့ပြီဖြစ်သည်။ စင်စစ်အကြမ်း ဖက်မှုများအားလုံးက မြို့ပေါ်ဆန္ဒပြမှုများထဲမှာသန္ဓေတည်ခဲ့သည်။ ပုံမှန်အားဖြင့် ဆန္ဒပြမှုများ ရက်ရှည်ကြာလာသည့်အခါ အစွန်းရောက်သူများ၊ ခက်ထန်ကြမ်းတမ်းသူများ၊ စစ်သွေးကြွများက ရှေ့တန်းသို့ရောက်လာသည်။ မိမိအင်အားကိုမိမိအထင်ကြီးသည့်အခါ ရင်ဆိုင် တိုက်ခိုက်ရန် ကြိုးပမ်းလာသည်။ ထိုအခါလူလည်နိုင်ငံရေး သမားတို့က တိုက်ခိုက်ရမည့်ပုံစံ၊ လုပ်နည်းလုပ် ဟန်တို့ကို လိုင်းချပေးပြီး နောက်မှနေကာ ထောက်ပံ့မှုအနည်းငယ်ပေး၍ စေခိုင်းကြသည်။
Aug 28, 2021
ဤကမ္ဘာလောကကြီးသည် မတူကွဲပြားမှုများ ပေါင်းစုနေထိုင်ရပ်တည်ရာနေရာကြီးဖြစ်သည်။ အကောင်းအဆိုးတို့ ရောထွေးဖြစ်တည်ရာ သက်ရှိလောကကြီးဖြစ်သည်။ မတူကွဲပြားမှုများကို မည်သည့်အခါမှ ပြုပြင်ဖန်တီး၍ရမည်မဟုတ်ပေ။ အဆိုးလည်းရှိ၊ အကောင်းလည်းရှိနေမည်။ အကျိုးလည်းရှိ၊ အပျက်လည်းရှိနေမည်ဖြစ်သည်။ တစ်ခုခုပျောက်ပျက်အောင် ပြုလုပ်နိုင်စွမ်းရှိ မည်မဟုတ်ပေ။ ပြုလုပ်လျှင်လည်း ထပ်မံပေါ်ပေါက်လာဦးမည်ဖြစ်သည်။ ထို့ကြောင့်မျှခြေတွင် ထားမှ အရှည်တည်တံ့သည့်သဘောကို လက်ခံထားရသည်။ ။
Aug 27, 2021
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဟောင်း ဒေါက်တာဝင်းမြတ်အေး အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ နှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေးအရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့် စပ်လျဉ်း၍ ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။
Aug 27, 2021
နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများအတွက် အရေးတကြီး လိုအပ်လျက်ရှိသည့် အောက်စီဂျင်အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီဂျင် စက်နှင့်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အများပြည်သူ ရုံးပိတ်ရက် များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည်။
Aug 27, 2021
Digital စနစ်ဖြင့် ခရီးသွားမြှင့်တင်မှုများကို ပိုမိုကျယ်ပြန့်စွာဆောင်ရွက်နိုင်ရေး ညှိနှိုင်း အစည်းအဝေးအား Video Conferencing စနစ်ဖြင့် ယနေ့ နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီသွားလာရေးဝန်ကြီးဌာန၊ နီလာအစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိ သည့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
Aug 27, 2021
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့နှင့် ကဲဝဲလ်မက်ဒီကယ် ကုမ္ပဏီ လီမိတက်တို့ ပူးပေါင်းဆောင်ရွက်သော လူမှုဖူလုံရေး-ကဲဝဲလ် အထွေထွေရောဂါကု ဆေးခန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ကနောင်တန်ဖိုးနည်း အိမ်ရာ၌ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ကျင်းပသည်။
Aug 27, 2021
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွှဲပိုင်းတွင် ရန်ကုန်မြို့ ဒဂုံမြို့ သစ်(မြောက်ပိုင်း) မြို့နယ်ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။