Skip to main content

Aug 27, 2021

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့်ကာလအတွင်း ရန်ကုန်တိုင်းဒေ သကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများလွယ်လင့်တကူဝယ်ယူနိုင်ရေး အရည်အသွေးနှင့်ဈေးနှုန်းမှန်ကန်စွာရရှိစေ ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏စီစဉ်မှုဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကုန် သွယ်မှုဗဟိုဌာန အဆောက်အအုံ၌ အိမ်သုံးဆေးဝါးများ လက်လီလက်ကား ဖြန့်ဖြူး ရောင်းချခြင်းအစီအစဉ်ကို ယနေ့တွင် ဆောင်ရွက်ခဲ့ရာ ဆေးနှင့်ဆေးပစ္စည်းဖြန့်ဖြူး ရောင်းချသောကုမ္ပဏီ ၁၈ ခုမှ အိမ်သုံးဆေးဝါး ၁၆၄ မျိုးအား ရောင်းချပေးလျက်ရှိပြီး ၇၈ သိန်းကျော်တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများကို ရောင်းချခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2021

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က တင်းပြည့်အဖွဲ့ဝင်အဖြစ် ပါဝင်ထားသည့် အရှေ့တောင် အာရှအမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (Southeast Asia National Human Rights Institutions Forum - SEANF) ၏ ဒုတိယအကြိမ်လုပ်ငန်းအဖွဲ့ အစည်းအဝေးကို သြဂုတ် ၂၄ ရက်မှ ၂၆ ရက်အထိလည်းကောင်း၊ Dialogue Between the Asia Forum for Human Rights and Development (FORUM-ASIA)/ Asian NGO Network on NHRIS (ANNI) and the Southeast Asia NHRIs Forum (SEANF) ကို သြဂုတ် ၂၄ ရက် မွန်းလွဲပိုင်းတွင် လည်းကောင်း၊ ဖိုရမ်၏ ၂၀၂၁ ခုနှစ် အတွက် အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူဆောင်ရွက် လျက်ရှိသော မလေးရှားနိုင်ငံအမျိုးသား လူ့အခွင့် အရေးကော်မရှင်က ဦးဆောင်၍ virtual online platform ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2021

တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2021

မန္တလေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးတောင်သူများ ၊ ဝါသီးနှံ မျိုးကောင်း မျိုးသန့် မျိုးစေ့များ ထုတ်လုပ်သုံးစွဲ စိုက်ပျိုးနိုင်ရေးအတွက် မိုးကြိုချည်မျှင်ရှည်ဝါ လျာထားဧက ၁၅၀၀၀၀ ကျော်ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2021

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အင်းစိန်(ဗဟို) အကျဉ်းထောင်အတွင်း ထိန်းသိမ်းထားရှိသော အကျဉ်းသား၊ အကျဉ်းသူ အချုပ်သား၊ အချုပ်သူများအား လတ်တလော ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကာလအတွင်း ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ အကျဉ်းထောင်အတွင်းရှိ ကဇာတ်ရုံ၌ ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2021

အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ်(မ-၂၊ ၇၈) တွင် “ချစ်သားရာဟုလာ မုသားဆိုရင် ရယ်ဖွယ်အဖြစ်တောင်မပြောနဲ့၊ လိမ်ဝံ့တဲ့သူဟာ မလုပ်ရဲသော အကုသိုလ်ဟူ၍မရှိ၊ မှောက်ထားသောရေခွက်မှာ ရေတစ်စက်မှမကျန်၊ ဘာမျှမရှိတော့သလို ထိုလိမ်ဝံ့ သူ၌ အရည်အချင်းကောင်းဟူသမျှ ဘာမျှမရှိနိုင်တော့ချေ” ဟု မြတ်စွာဘုရားရှင်က သျှင်ရာဟုလာအား ဆုံးမသွန်သင်ထားသည်။ မုသာဝါဒမလုံခြုံသူသည် မည်သည့် ပြစ်မှုမျိုးကိုမဆို အလွယ်တကူ ကျူးလွန်နိုင်သူဖြစ်၍အထူးသတိပြုဆင်ခြင်ရှောင်ရှား ရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2021

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးများကို ဦးစားပေး အစီအစဉ်များအလိုက် အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိသည်။ ယင်းသို့ ထိုးနှံပေးနိုင်ရန်အတွက်လည်း ကာကွယ်ဆေးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များဆီသို့ မြေပြင်ခရီးလမ်းကြောင်းမှလည်းကောင်း၊ ဝေးလံခက်ခဲသည့် ဒေသများဆီသို့ တပ်မတော်(လေ)နှင့် မြန်မာ့လေကြောင်းတို့မှ လေယာဉ်များဖြင့်လည်းကောင်း အချိန်မီပို့ဆောင်ဖြန့်ဖြူးပေးခဲ့သည်။ ထို့အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့်ဆေးဘက်ဆိုင်ရာ ပစ္စည်းများ ပြည်ပမှတင်သွင်းရေး၊ လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်များမှ စစ်ဆေးထုတ်ပေးမှုများ လွယ်ကူချောမွေ့စေရေးတို့အတွက် သက်ဆိုင်ရာဌာနအသီးသီးတို့မှ နေ့စဉ်ဆောင်ရွက်ပေး လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်