Skip to main content

မလေးရှားနိုင်ငံတကာဟာလာပွဲတော်တက်ရောက်ရန် မြန်မာစီးပွားရေးနှင့် စွန့်ဦးတီထွင် လုပ်ငန်းရှင်များကို ဖိတ်ခေါ်

 

ရန်ကုန် ဩဂုတ် ၂၇

ဒစ်ဂျစ်တယ် နည်းလမ်းများဖြင့် ရောင်းဝယ် ဖောက်ကား လုပ်ဆောင်ပေးသွားမည့် ကမ္ဘာ့ အကြီးဆုံး မလေးရှားနိုင်ငံတကာ ဟလာပွဲတော်ကို မလေးရှား ပြင်ပကုန်သွယ်မှု ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်း (MATRADE) က ဦးစီး၍ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၉ ရက်မှ ဒီဇင်ဘာ ၃၁ ရက် နေ့အထိ ကျင်းပမည်ဖြစ်သည်။

အဆိုပါ ပွဲတော်တွင် ဟာလာ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ ပေးအပ်သည့် လုပ်ငန်းများကို ဒစ်ဂျစ်တယ်နည်းဖြင့် တင်ဆက် သွားမည်။ အရည်အသွေးမြင့်မားသည့် ဟာလာထုတ်ကုန်များ နှင့် ဝန်ဆောင်မှုများကို နယ်စပ်ဖြတ်ကျော်၍ ဝယ်ယူရောင်းချနိုင်ရန် ရည်ရွယ်ကြောင်း သိရ သည် ။

ဟာလာ ဂေဟစနစ်တစ်ခု လုံးရှိ အပြည်ပြည်ဆိုင်ရာ ဝယ်လက်များနှင့် ကုန်သွယ်ရေး လေ့လာသူ ၁၅ဝဝဝ ကျော်ပါဝင် ဆင်နွှဲကြမည်ဖြစ်သည့် မြန်မာ စီးပွားရေးလုပ်ငန်းခေါင်းဆောင် များနှင့် စွန့်ဦးတီတွင်လုပ်ငန်းရှင် များကို ဖိတ်ခေါ်ထားသည် ။

Empowering Hala, To morrow, Together csopes ဖြင့် ကုန်သွယ်ရေးဒေါက်တိုင် ၁၂ ခု ဖြစ်သည့် ပညာရေး၊ ဆေးဝါးပစ္စည်းများ၊ ဝန်ဆောင်မှုများနှင့် ပံ့ပိုးပေးသူများ၊ ကုန်အမှတ် တံဆိပ်အသုံးပြုခွင့်၊ လုံခြုံရိုးရှင်းလှပသည့် ဖက်ရှင်အလှကုန်များနှင့် တစ်ကိုယ်ရေ ထိန်းသိမ်း စောင့်ရှောက်မှု၊ မီဒီယာနှင့်အပန်းဖြေမှု၊ အွန်လိုင်း ကူးသန်း ရောင်းဝယ်မှုနှင့် စားသောက်ကုန် နည်းပညာ တို့ကို ပြသသွားမည်ဖြစ် ကြောင်း သိရသည်။

မျိုးမင်းသူရ