Skip to main content

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက Press Helmet များထောက်ပံ့

 

 ရန်ကုန် ဩဂုတ် ၂၇

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ပြင်ဦးလွင်မြို့ရှိ သတင်းသမားများအတွက် Press Helmet များ ထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးစာကြည့်တိုက်၌ကျင်းပသည်။

အခမ်းအနားသို့ ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဒုတိယခရိုင်ဦးစီးမှူး ဒေါ်မြသက်အေး၊ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီအဖွဲ့ဝင် ဒေါ်ခင်သန်းနွဲ့ (မ-လားရှိုး) နှင့် ဒေသခံသတင်းမီဒီယာသမားများ တက်ရောက်ကြသည်။ ယင်း အခမ်းအနားတွင် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီမှ ထောက်ပံ့သော Press Helmetကို ဒေါ်ခင်သန်းနွဲ့ (မမ-လားရှိုး) က ပေးအပ်ပြီး သတင်း မီဒီယာသမားများ လိုက်နာ ကျင့်သုံးရမည့် ဥပဒေနည်းဥပဒေ များကို ရှင်းလင်ပြောပြကြောင်း သိရှိရသည်။

မောင်နိုင်