Aug 28, 2021
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့ နံနက်ပိုင်းတွင် ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဆောင်ရွက်လျက်ရှိသော ရေဒါစခန်းအတွင်းရှိ Duty Engineer House တည်ဆောက်ခြင်း လုပ်ငန်းနှင့် ဝန်ထမ်းအိမ်ယာတည်ဆောက်ရေး လုပ်ငန်းခွင်သို့သွားရောက် ကြည့်ရှုစစ်ဆေးပြီး တည်ဆောက် ရေးလုပ်ငန်းများ ခိုင်ခန့်မှုရှိစေရေးအတွက် သတ်မှတ်ထားသည့် စံချိန်စံညွှန်း များနှင့်အညီ ဆောင်ရွက်ကြရန်မှာကြားသည်။
Aug 28, 2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၈ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Aug 28, 2021
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိသည်။
Aug 28, 2021
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် -
Aug 28, 2021
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ပစ္စည်းများအား ပြည်ပမှ စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေးအတွက် ပိတ်ရက်မရှိ စီစဉ် ဆောင်ရွက်လျက်ရှိရာ ၂၈-၈-၂၀၂၁ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းများနှင့် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ၊ တာချီလိတ် ကုန်သွယ်ရေးစခန်း (၄)ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၉)ခုမှ ယာဉ်စီးရေ (၂၂)စီးဖြင့် အောက်ဆီဂျင်(အရည်) Bowserယာဉ်(၄) စီးဖြင့် (၇၄) တန်၊ အောက်ဆီဂျင်(အိုးခွံ) (၆၂၀၀) ၊
Aug 28, 2021
အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များဖြင့် စစ်ဆေးရှာဖွေမှုများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၉ ရက်တွင် လုံခြုံရေး ပူးပေါင်းအဖွဲ့သည် ဆူပူမှုဖြစ်ပွားစေရန် လူမှုကွန်ယက် စာမျက်နှာပေါ်၌ ရေးသားလှုံ့ဆော်သူ ဇော်နိုင်ဦး အား အတွင်းပဒံကျေးရွာ၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ ဖမ်းဆီးရမိခဲ့သည်။
Aug 28, 2021
နယ်စပ်ရေးရာဝန်ကြီးဌာနသည် မြန်မာနိုင်ငံတစ်ဝန်း လတ်တလောဖြစ်ပွားနေသည့် ကိုဗစ် - ၁၉ ရောဂါကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ကုသရေးအတွက် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများနှင့် အင်အား ဖြည့် အစားအစာများ ထောက်ပံ့လှူဒါန်းလျက်ရှိသည်။
Aug 28, 2021
ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများ ထားရှိရန်အတွက် တိုင်းစစ် ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံ သင်တန်းကျောင်းများ၊ စစ်ကြောရေး နှင့်တည်းခိုရေးစခန်းများ၌ ကြိုတင် ပြင်ဆင်မှုများကို လုပ်ဆောင်လျက် ရှိရာ ပြီးစီးသည့် နေရာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာတာဝန်ရှိ သူများ၊ ပရဟိတ အဖွဲ့အစည်းများ၊ တာဝန်သိပြည်သူ များနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက် လျက်ရှိသည်။