Skip to main content

တာဝန်သိပြည်သူအဖြစ်ခံယူ အကြမ်းဖက်မှုများ ဝိုင်းဝန်းဖော်ထုတ်

 

မြန်မာနိုင်ငံဒေသအချို့တွင် လစ်လျှင်လစ်သလို ဖြစ်ပေါ်လာတက်သည့် အကြမ်းဖက်သတ်ဖြတ် မှု၊ ဖောက်ခွဲမှု၊ မီးရှို့ဖျက်ဆီးမှု လုပ်ရပ်များကစ်စတစ်စ ပါးလျားလာခဲ့ပြီဖြစ်သည်။ စင်စစ်အကြမ်း ဖက်မှုများအားလုံးက မြို့ပေါ်ဆန္ဒပြမှုများထဲမှာသန္ဓေတည်ခဲ့သည်။ ပုံမှန်အားဖြင့် ဆန္ဒပြမှုများ ရက်ရှည်ကြာလာသည့်အခါ အစွန်းရောက်သူများ၊ ခက်ထန်ကြမ်းတမ်းသူများ၊ စစ်သွေးကြွများက ရှေ့တန်းသို့ရောက်လာသည်။ မိမိအင်အားကိုမိမိအထင်ကြီးသည့်အခါ ရင်ဆိုင် တိုက်ခိုက်ရန် ကြိုးပမ်းလာသည်။ ထိုအခါလူလည်နိုင်ငံရေး သမားတို့က တိုက်ခိုက်ရမည့်ပုံစံ၊ လုပ်နည်းလုပ် ဟန်တို့ကို လိုင်းချပေးပြီး နောက်မှနေကာ ထောက်ပံ့မှုအနည်းငယ်ပေး၍ စေခိုင်းကြသည်။

၎င်းတို့ချပေးသည့် လိုင်းကလည်း ကိုယ်ပိုင်ပုံစံမဟုတ်။ မြန်မာနိုင်ငံအနောက်ဖျားတွင် ဘင်္ဂါလီ အာဆာကို ကျင့်သုံးသွားခဲ့ပြီး မြန်မာအစိုးရကို အကျပ်ရိုက်စေခဲ့သည့် လုပ်နည်းလုပ်ဟန်ကို ပုံတူကူးချ ထားခြင်းသာဖြစ်သည်။ ရဲကင်း၊ စစ်ဆေးရေးဂိတ်ကဲ့သို့သော အနေရာများကို ဝင်ကိုက် ၍ ဓာတ်ပုံရိုက်ကာ လိုင်းပေါ်တင်ဝါဒဖြန့်ခြင်း၊ အစိုးရ၏ဒေါက်တိုင်များအဖြစ် သတ်မှတ်ထား သည့် ရပ်/ကျေး အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများကိုသတ်ဖြတ်ကာ အုပ်ချုပ်ရေးယန္တရားကို အခြေခံမှစ၍ ဖျက်ဆီးခြင်း၊ နိုင်ငံ့ဝန်ထမ်းများကို သတ်ဖြတ်ခြင်း၊ စစ်မှုထမ်းဟောင်း၊ ရဲမှုထမ်း ဟောင်းများနှင့် မိသားစုဝင်များ၊ ရပ်ရွာအတွင်းမှ မုန်းတီးသူ မတည့်သူများ၊ ရန်ငြိုးရန်စရှိ သူများ၊ NLD မဟုတ်သည့် အခြားပါတီဝင်များ စသူတို့ကိုဒလန်အဖြစ်သတ်မှတ်ကာ သွေးဆာနေသူများ က လက်တည့်စမ်း၍ သတ်ဖြတ်ခြင်း၊ လုယက်လို၍ဖောက်ခွဲခြင်း၊ ငွေလိုချင်၍ လူသက် ခြင်း၊ အုပ်ချုပ်ရေးမှူးရုံး၊ စာသင်ကျောင်း၊ ကျေးရွာလူနေအိမ်ခြေတို့ကို မီးရှို့ခြင်း၊ ပြည်ဖျက်မီဒီယာများ နှင့် လက်ဝါးရိုက်ကာ သတင်းလိမ်၊ သတင်းမှားများ၊ တပ်မတော်အပုပ်ချသတင်းများ ထုတ်လွှင့် ခြင်းတို့သည် ဘင်္ဂါလီအာဆာတို့၏ လုပ်နည်းလုပ်ဟန်များသာဖြစ်ပြီး မီဒီယာတို့၏ အကူအညီ ဖြင့် ကမ္ဘာကိုပါ လှည့်စားနိုင်ခဲ့သည့် နည်းလမ်းလည်းဖြစ်သည်။

ဤတွင်အကြမ်းဖက်သမားဟူသည် စစ်ယူနီဖောင်းဝတ်ပြီး လက်နက်ကိုင်ကာ တောမှာနေသူများ ဟူ၍ ဖွင့်ဆို၍မရဘဲ အကြမ်းဖက်ဝါဒကိုစွဲကိုင်၍ အကြမ်းဖက်လုပ်ရပ်များကို လက်တွေ့ ကျင့်သုံး ကျူးလွန်သူများကို အဓိကဆိုလိုခြင်းဖြစ်သည်။ အကြမ်း ဖက်သမားတို့သည် လူသတ်လက်နက်ခဲ ယမ်းမီးကျောက်တို့ကို သိုဝှက်ကာရပ်ထဲရွာထဲ လူတွေကြားထဲမှာပင်ရော၁နေထိုင်ကြပြီး အကြမ်းဖက် အဖျက်အမှောင့်တို့ကို ကျူးလွန်နေကြခြင်း ဖြစ်သည်။ အချို့ကလည်း အကြမ်းဖက် အဖျက်သမားတို့၏ လုပ်ရပ်များကို ဖုံးဖိလိမ်ညာပေးခြင်း၊ ၎င်းတို့၏လုပ်ရပ် မှန်သယောင်ယောင် ထင်မြင်လာအောင် ဝါဒဖြန့်ပေးခြင်းအပါအဝင် ၎င်းတို့အား ကစ်နည်းနည်းဖြင့် ပံ့ပိုးသူ၊ အားပေး သူ၊ ကူညီသူများသည်လည်း အကြမ်းဖက်သမားတို့နှင့် အတူတူပင်ဖြစ်သည်။ အကြမ်းဖက်သမား များနှင့်၎င်းတို့ကို ငွေအား၊ လူအားထောက်ပံ့ကူညီအားပေးနေသူများ ရပ်ထဲရွာထဲတွင် ရှိနေ သရွေ့ အကြမ်းဖက်သတ်ဖြတ်မှု၊ ဖောက်ခွဲမှု မီးရှို့မှု၊ ဖျက်ဆီးမှုတို့ဖြစ်ပေါ်နေမည်သာဖြစ်ရာ ၎င်းတို့အား ဖော်ထုတ် ဖမ်းဆီးအရေးယူ ခြင်းဖြင့်သာ ၎င်းတို့၏လုပ်ရပ်ကို တားဆီးနိုင်ပြီး ရပ်ရွာ မြို့ပြများ အေးချမ်းသာယာနိုင်မည်ဖြစ်သည်။

သတင်းရယူထောက်လှမ်းခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်း၊ စုံစမ်း စစ်ဆေးဖော်ထုတ်ခြင်းတို့အတွက် စစ်ဘက် ရဲဘက်တို့တွင် အဖွဲ့အစည်း ယန္တရားများရှိနေသော်လည်း ပြည်သူများ ပူးပေါင်းပါဝင် ခြင်းဖြင့် ပိုမို၍ မြန်ဆန်စွာဖြင့် အကြမ်းဖက် အဖျက်အမှောင့်တို့ကို အမြစ်ဖြတ်သုတ်သင် နိုင်မည်ဖြစ်သည်။ ယခုအခါ အကြမ်းဖက်မှု ကိုက်ဖျက်ရေးဗဟိုအဖွဲ့က အကြမ်းဖက်မှုများကို ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် သတင်းပေးသူနှင့် ဖမ်းဆီးသူများ အား ငွေပမာဏကန့်သတ်မထားဘဲသတင်းမှန်ကန်မှု နှင့် ဖော်ထုတ်ဖမ်းဆီးရရှိမှုအပေါ်မူတည်၍ ထိုက်တန်စွာ လျှို့ဝှက်ဆုငွေများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်လိုက်ပြီ ဖြစ်ရာ မိမိနေထိုင်ရာ မြို့ရွာဒေသများနှင့်တကွ နိုင်ငံတစ်ဝန်းလုံးအေးချမ်းသာယာရေး၊ တရားဥပဒေစိုး မိုးရေးတို့အတွက် တာဝန်သိ ပြည်သူအဖြစ်ခံယူ ဆောင်ရွက်နိုင်ကြစေရေး တိုက်တွန်းအပ်  ပါကြောင်း။