နေပြည်တော် ဩဂုတ် ၂၈
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ပစ္စည်းများအား ပြည်ပမှ စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေး အတွက် ပိတ်ရက်မရှိ စီစဉ် ဆောင်ရွက်လျက်ရှိရာ ၂၈-၈-၂၀၂၁ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းများနှင့် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ၊ တာချီလိတ် ကုန်သွယ်ရေးစခန်း (၄)ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၉)ခုမှ ယာဉ်စီးရေ (၂၂)စီးဖြင့် အောက်ဆီဂျင်(အရည်) Bowserယာဉ်(၄) စီးဖြင့် (၇၄) တန်၊ အောက်ဆီဂျင် (အိုးခွံ) (၆၂၀၀)၊ အောက်ဆီဂျင် Plant(၂၁)ခု၊ Oxygen Generator (၂) ခု၊ အိမ်သုံး Oxygen Concentrator (၇၅၉)ခု၊ PPE ဝတ်စုံ (၂၀၆၃၀)၊ လက်အိတ်(၂)တန်နှင့် နှာခေါင်းစည်း (Mask) (၄၉) တန်တင်သွင်းခဲ့သည်။ အောက်ဆီဂျင်အရည် (Bowser) ယာဉ်(၄) စီးမှာ မန္တလေးမြို့သို့ ဖြစ်ပြီး Oxygen Plant (၂၁)ခုမှာ ရန်ကုန်မြို့သို့ ဖြစ်ကြောင်း သိရှိရသည်။
သြဂုတ်လအတွင်း ယာဉ်စီးရေ(၁၃၅၉)စီး ဖြင့် အောက်ဆီဂျင်အရည်(Bowser) ယာဉ်ဖြင့် (၁၅၃၁) တန်၊ အောက်ဆီဂျင်အရည်(အိုးဖြင့်) တန် (၃၆၀)၊ အောက်ဆီဂျင်ဓါတ်ငွေ့ (အိုးဖြင့်) (၇၄) တန်၊ Storage Container (၁၆) ခု၊ အောက်ဆီဂျင် (အရည်) Distributor (၉)ခု၊ အောက်ဆီဂျင် (အိုးခွံ) ခုရေ (၁ ဒသမ ၈)သိန်း ၊ Oxygen Plant (၈၂) ခု၊ ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်စက် (၃)ခု၊ Oxygen Generator(၂၂)ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) ခုရေ (၀ ဒသမ ၉)သိန်း၊ Test Kit ခုရေ (၁ ဒသမ ၉)သိန်း၊ PPE အစုံရေ (၇ ဒသမ ၆)သိန်း၊ လက်အိတ် (၁၀၃)တန်နှင့် နှာခေါင်းစီး (Mask) (၁၇၆၁) တန် တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။
သြဂုတ်လအတွင်း ပြည်ပမှတင်သွင်းလာသည့် အောက်ဆီဂျင်အရည်(Bowser) ယာဉ် စုစုပေါင်း (၆၈) စီးမှာ ရန်ကုန်မြို့သို့ (၅၄) စီး ၊ မန္တလေးမြို့သို့(၅)စီး ၊ နေပြည်တော် (၃) စီး၊ မော်လမြိုင် (၂) စီး၊ ပဲခူး (၂)စီး ၊ မုံရွာနှင့် သံဖြူဇရပ်(၁)စီး စီ ဖြစ်ကြောင်း သိရှိရသည်။ Oxygen Plant စုစုပေါင်း (၈၂) ခုမှာ ရန်ကုန်မြို့သို့ (၄၁)ခု၊ မန္တလေးမြို့ သို့(၇)ခု၊ လားရှိုး (၄) ခု၊ ပဲခူး (၄) ခု၊ မြစ်ကြီးနား (၄)ခု၊ ကျောက်ပန်းတောင်း (၃)ခု၊ မုံရွာ (၂) ခု၊ ပခုက္ကူ (၂)ခု၊ ဘားအံ (၂) ခု၊ မော်လမြိုင်၊ တောင်ကြီး၊ နေပြည်တော်၊ မြစ်သား၊ မိုးကောင်း၊ မကွေး၊ မြင်းခြံ၊ ကျောက်တံခါး၊ ဝါးခယ်မ၊ သံဖြူဇရပ်၊ ထားဝယ်၊ ကွမ်းခြံကုန်း၊ စစ်တွေ သို့ (၁)ခု စီ ဖြစ်ကြောင်း သိရှိရပါသည်။
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများကို ပြည်ပမှ တင်သွင်းရာတွင် နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့် အညီ ဦးစားပေးတင်သွင်းခွင့်ပြု ဆောင်ရွက်ပေးလျက်ရှိပြီး ဌာနများအလိုက် ဆက်သွယ် မေးမြန်းနိုင်သည့်တာဝန်ခံ (Contact Person) များကိုလည်း ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရသည်။
သတင်းစဉ်