
နေပြည်တော် ဩဂုတ် ၂၈
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူသည့် Sinopharm အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ရေ (၂,၀၀၀,၀၀၀)သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ယနေ့ ညနေပိုင်းတွင် ရောက်ရှိရာ ကာကွယ်ဆေးများကို ရန်ကုန်တိုင်းဒေသကြီး ကုသရေး/ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သည့်အဖွဲ့က လက်ခံရယူခဲ့ပြီး ရန်ကုန်မြို့ ဗဟိုကာကွယ်ဆေး သိုလှောင်ရုံ၌ ထားရှိသည်။
ဩဂုတ် ၂၉ ရက်မှစ၍ တိုင်းဒေသကြီး/ ပြည်နယ်များသို့ မြေပြင်ခရီးလမ်းကြောင်းမှ လည်းကောင်း၊ တပ်မတော် (လေ) ၏အကူအညီဖြင့် လေကြောင်းခရီးမှလည်းကောင်း အအေးလမ်း ကြောင်းမပျက် ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ပြီး ပြည်သူလူထုအား အမြန်ဆုံး ထိုးနှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်