Skip to main content

Aug 30, 2021

အကြမ်းဖက်သူများအနေဖြင့် နိုင်ငံတော်ပိုင် အဆောက်အဦများ၊ အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူသွားလာ လှုပ်ရှားနေသော လမ်းမကြီး များပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထား ခြင်းများအားလုပ်ဆောင်လျက်ရှိရာ ဩဂုတ်လ ၂၈ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ သာယာဝတီကျေးရွာရှိ အစိုးရနည်းပညာတက္ကသိုလ် “မြမဉ္ဇူ” အမျိုးသမီးအဆောင်အား လက်လုပ် မိုင်း ၁ လုံးဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ပြီး ပေါက်ကွဲမှုကြောင့် “မြမဉ္ဇူ”အဆောင်၏ ပြတင်းတံခါးမှန် ၅ ချပ်နှင့် အုတ်နံရံ ၁ ပေပတ်လည်ခန့် ကွဲအက်ပျက်စီးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 30, 2021

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ရှိ တပ်မတော်ဆေးရုံ၌ တည်ဆောက်ပြီးစီးသွားသည့် တန် ၂၀ my Liquid Oxygen Plant ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ ဆေးရုံ၌ ပြုလုပ်ရာ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက် ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 30, 2021

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၀)ကြိမ်မြောက် ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 30, 2021

အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များဖြင့် စစ်ဆေးရှာဖွေမှုများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်တွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ “လရိပ်ချို” တည်းခိုခန်း၌ ဖောက်ခွဲရေး သမားများရောက်ရှိနေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ အောင်မင်းသူ(ခ) ကိုသူ၊ ဇင်မင်းကျော်၊ ဇင်မင်းကို တို့အား ပစ္စတိုသေနတ် ၂ လက်၊ ကျည်မျိုးစုံ ၃၈ တောင့်၊ ကျည်အိမ် ၃ ခု တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 30, 2021

ရခိုင်ပြည်နယ်တွင် ဂွချောင်းတံတား တည်ဆောက်ပြီးစီးမှု ၈၇ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 30, 2021

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနသည် ကလေးခရိုင်၊ တမူးခရိုင်၊ ကသာခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ မုံရွာခရိုင်၊ မော်လိုက်ခရိုင်၊ ယင်းမာပင်ခရိုင်၊ ရွှေဘိုခရိုင်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ရှိ မြို့နယ် ၃၇ မြို့နယ်အတွင်း နေထိုင်ကြသော ကျေးလက်နေပြည်သူများ ၄၄ သိန်းကျော်အတွက် လူသွားလမ်း၊ ဆိုင်ကယ်လမ်း၊ လှည်းလမ်းမျှသာ ရှိသော မြေသားလမ်းအခြေအနေမှ ရာသီမရွေးသွားလာနိုင်သည့် ကတ္တရာလမ်း၊ ကွန်ကရစ်လမ်း ကျောက်ချောလမ်း၊ အမာခံလမ်း များအဖြစ် လည်းကောင်း၊ ဒေသဆောက်ဝါးတံတား၊ သစ်သားတံတားများမှ သဘာဝဘေးဒဏ် ခံနိုင်သော သံကူကွန်ကရစ်တံတားများအဖြစ်လည်းကောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက နှစ်စဉ်အဆင့်မြှင့်တင် ဖောက်လုပ်ပေးလျက်ရှိ ပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 30, 2021

ဆက်လက်ပြီး နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ချက်များကို အချို့သော မီဒီယာများ၊ အဖွဲ့အစည်းများ၏ မဟုတ်မမှန် ဆောင်ရွက်နေမှုများထဲမှ အချို့ကို ထုတ်နုတ်တင်ပြမည် ဖြစ်ပါကြောင်း၊ ပထမဖြစ်စဉ်အနေဖြင့် မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ကင်းမကျေးရွာ ဖြစ်စဉ်ဖြစ်ပါကြောင်း၊ လွန်ခဲ့သည့် ဇွန် ၁၅ ရက်က လက်နက်ကိုင်အကြမ်းဖက် သမားများ၏ မီးရှို့ ဖျက်ဆီးမှုကြောင့် ထိုကျေးရွာတွင်ရှိသည့် အိမ်ခြေ ၂၂၅ လုံး အနက် အိမ်ခြေ ၁၀၀ ခန့် မီးလောင် ပျက်စီးမှုဖြစ်ခဲ့ပါကြောင်း၊ ဖြစ်စဉ်မှာ ဇွန် ၁၅ ရက်တွင် ပေါက်မြို့နယ်မှ မြန်မာ နိုင်ငံရဲတပ်ဖွဲ့လုံခြုံရေး အဖွဲ့ဝင်များသည် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လှည့်ကင်းဆောင်ရွက် နေစဉ် နံနက် ၁၁ နာရီခန့် ကင်းမကျေးရွာဆိုင်းဘုတ်အနီး အရောက်တွင် လက်နက်ကိုင်အကြမ်း ဖက်လူတစ်စုက ၎င်းရွာတောင်ကုန်းပေါ်မှ လက်နက်ငယ်များ၊ လက်ပစ်ဗုံးများ၊ လက်လုပ်မိုင်းများနှင့် ပစ်ခတ်တိုက်ခိုက် ခဲ့ပါကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာတွင် အကြမ်း ဖက်သူများ တောင်ကုန်းပေါ်မှ ဆုတ်ခွာသွားပါကြောင်း၊ ထိုတောင်ကုန်းပေါ်ကို အသေးစိတ် ရှာဖွေနေစဉ် နံနက် ၁၁ နာရီ မိနစ် ၅၀ ခန့်တွင် တောင်ကုန်းအလယ်တွင် ထပ်မံတိုက်ပွဲဖြစ်ပြီး ၁၂ နာရီခန့်တွင် နောက်တစ်ကြိမ် တိုက်ပွဲထပ်ဖြစ်ပါကြောင်း၊ ထိုတောင်ကုန်းပေါ်တွင် အကြမ်းဖက် သမားများ ခိုအောင်းမှု မရှိစေရေး ဆက်လက်ပြီး ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေသည့်အချိန်တွင် ကင်းမ ရွာအတွင်း မီးလောင်မှုဖြစ်ပွားနေခြင်းကိုတွေ့ရပါကြောင်း။

ဆက်လက်ဖတ်ရှုရန်

Aug 30, 2021

ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ တိုးချဲ့ ကာကွယ်ဆေးသိုလှောင်ခန်းတွင် ထားရှိသည့် ကိုဗစ်ရောဂါကာကွယ်ဆေးများကို စံချိန် စံညွှန်းများအတိုင်း တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ Cold Chain Delivery Logistics တော်ယာဉ်ကြီးများဖြင့် ပို့ဆောင် ဖြန့်ဖြူးပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 30, 2021

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးဆေးနှင့် ပစ္စည်းများကို လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီး မှ ရုံးပိတ်ရက်ရှည်ကာလအတွင်း နေ့စဉ်ရုံးပိတ်ရက်မရှိ လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေး လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 30, 2021

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများကို တပ်မတော်လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်