နေပြည်တော် ဩဂုတ် ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၈ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဩဂုတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် လွိုင်လင်မြို့နယ်၊ လွိုင်လင်-တောင်ကြီး ကားလမ်း၊ ဟိုတင့်ကျေးရွာအနီးတွင် လွိုင်လင်မှ တောင်ကြီး သို့ ယာဉ်မောင်း စိုင်းလောဝ်လိုင်း (ခ)အိုက်လောဝ် (၄၁)နှစ် မောင်းနှင်ပြီး စိုင်းလိန်(ခ)အိုက်လိန်(၂၀)နှစ် လိုက်ပါ လာသည့် ၁၂ ဘီး မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုး ငွေကျပ် ၁ ဒသမ ၈ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၅၃ ဒသမ ၉၉ ကီလို၊ အိုက်စ်(မက်သ်အဖက်တမင်း) ၅၀ ကီလို၊ စိတ်ကြွရူးသွပ် ဆေးပြား ၂၄,၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက် ချက်များအရ မွန်းလွဲ ၂ နာရီခွဲခန့်တွင် မူးယစ်ဆေးဝါးများသယ်ဆောင်ရာတွင် ပူးပေါင်း ဆောင်ရွက်သူများ ဖြစ်ကြသည့် ကျင်းထန် (ခ) ရှီကျင်းထန် (၂၇)နှစ်၊ ရန်ကျုံးဝေ(ခ)အားဝေ (၂၁) နှစ်တို့ကို Toyota Hilux မော်တော်ယာဉ်နှင့်အတူ တောင်ကြီးမြို့နယ်၊ ၄ မိုင်ပူးပေါင်း စစ်ဆေးရေးစခန်းတွင် ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)