Sep 04, 2021
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။
Sep 04, 2021
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၈)နာရီ၊ (၃၅)မိနစ်၊ (၁၁)စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်မြောက်ဘက် မိုင်(၁၀၀) ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (တနိုင်းမြို့၏ အနောက်မြောက်ဘက် (၂၇)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၆.၇၁)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၅၄)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
Sep 04, 2021
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် စက်တင်ဘာ ၂ ရက်တွင် နည်းပညာမြှင့်တင်ရေးသင်တန်းဌာန (ဘယ်လင်း)သို့ ရောက်ရှိပြီး သင်တန်းခန်းမများ၊ မြို့ပြအင်ဂျင်နီယာဌာန၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန၊ အီလက်ထရောနစ် အင်ဂျင်နီယာဌာန၊ သုတနည်းပညာအင်ဂျင်နီယာဌာန၊ မော်တော်ယာဉ် နည်းပညာ အင်ဂျင်နီယာဌာန၊ စက်မှုပုံစံပြုနှင့် CNC ဌာနများသို့ သွားရောက်၍ တပ်ဆင်ဆောင်ရွက် ထားသည့် LAB ခန်းများ၊ စက်ပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်စေရန် လေ့ကျင့်သင်ကြားဆောင်ရွက်နိုင်စေရန် စီစဉ်ထားရှိမှုများ၊ သင်တန်းသား အိပ်ဆောင်များနှင့် စာသင်ဆောင်များကို ကြည့်ရှုစစ်ဆေးသည်။
Sep 04, 2021
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၃ ရက် နံနက် မွန်းတည့် ၁၂ နာရီတွင် ရှမ်းပြည်နယ် တောင်ကြီး အားကစားနှင့် ကာယပညာ(သိပ္ပံ)ကျောင်းရှိ စားရိပ်သာနှင့် သင်တန်းသား/ သင်တန်းသူများ ကျွေးမွေးရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။
Sep 04, 2021
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ တတိယလှိုင်းကာလအတွင်း ကိုဗစ်ရောဂါ ကူးစက်ခံရပြီး ပြန်လည် သက်သာပျောက်ကင်းသူများ၏ အတွေ့အကြုံနှင့် ခံစားချက်များကို မေးမြန်းဖော်ပြ လိုက်ပါသည်။
Sep 04, 2021
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ငွေကျပ် ၅ ဒသမ ၉၂၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Sep 04, 2021
မြေဩဇာများ အရည်အသွေးပြည့်မီရေး၊ ဈေးနှုန်း မှန်ကန်ရေးနှင့် တောင်သူများ အကျိုးရှိ ထိရောက်စွာ အသုံးပြုနိုင်ကြရန် မြေဩဇာကော်မတီနှင့်သက်ဆိုင်ရာ တာဝန်ရှိသူများက ထိန်းကျောင်း ကြပ်မတ်ပေးလျက် ရှိသကဲ့သို့ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ကုန်သွယ်ရေး အခက်အခဲနှင့် ငွေကြေးတန်ဖိုးပြောင်းလဲမှုများကြောင့် ဈေးနှုန်းမြင့်မားလာသည့် ဓာတ်မြေ သြဇာများကို စိုက်ပျိုးသူ တောင်သူများ လျှော့ချအသုံးပြုနိုင်မည့် နည်းလမ်းများ၊ သဘာဝ မြေဩဇာများ၊ သစ်စိမ်းမြေဩဇာများနှင့် တွဲဖက် အသုံးပြုနိုင်မည့် နည်းပညာများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်ပေး ကြရန် လိုအပ်ကြောင်း ယနေ့တွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပ သည့် မြေဩဇာကော်မတီ၏ (၃၃)ကြိမ်မြောက် အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။
Sep 04, 2021
အဏ္ဏဝါအမှိုက်သရိုက်နှင့် ပလတ်စတစ် ညစ်ညမ်းမှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်း အဝေးကို စက်တင်ဘာ ၁ ရက်မှ ၂ ရက်အထိ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
Sep 04, 2021
မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ဩဂုတ် ၂၂ ရက်မှစတင်၍ ကျင်းပပြုလုပ်လျက်ရှိသည့် International Army Games-2021 ပြိုင်ပွဲတွင် ပါဝင်သော တင့်ကားမောင်းနှင် ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon (Division-2)၌ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အုပ်စုပွဲစဉ်များကို အဆင့်ဆင့်ဖြတ်ကျော်ကာ အုပ်စုဒုတိယနေရာမှရပ်တည်နိုင်ခဲ့ပြီး အကြို ဗိုလ်လုပွဲ အဆင့်သို့ ထိုက်တန်စွာ တက်ရောက်နိုင်ခဲ့သည်။
Sep 04, 2021
ပြည်ပနိုင်ငံများမှ ဝင်ရောက် လာသည့် မြန်မာနိုင်ငံသားများ ကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၁ ရက်နှင့် ၂ ရက် တို့တွင် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့သို့ ဝင်ရောက်လာသည့် မြန်မာနိုင်ငံ သား အမျိုးသား ၆၆ ဦး၊ အမျိုးသမီး ၆၀ စုစုပေါင်း ၁၂၆ ဦး၊ ချင်းရွှေဟော်မြို့သို့ ဝင်ရောက်လာသည့် မြန်မာနိုင်ငံ သား အမျိုးသား ၃၇ ဦး၊ အမျိုး သမီး ၁၆ ဦး စုစုပေါင်း ၅၃ ဦး၊ လောက်ကိုင်မြို့သို့ ဝင်ရောက်လာ သည့် အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး သုံးဦး စုစုပေါင်း ၁၀ ဦးနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ဝင်ရောက်လာ သည့် မြန်မာနိုင်ငံသား အမျိုးသား ၃၂၀၊ အမျိုးသမီး ၂၂၈ ဦး စုစုပေါင်း ၅၄၈ ဦးတို့ကို အသီးသီး လက်ခံခဲ့ကြသည်။