Skip to main content

Sep 04, 2021

ဒေသအလိုက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအစီအစဉ်များ ချမှတ်ဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ နီလာအစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 04, 2021

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂ ရက် မွန်းလွဲပိုင်းတွင် မော်စကိုမြို့ရှိ Exhibition of Achievements of National Economy ရုရှားနိုင်ငံလုံးဆိုင်ရာပြခန်းများသို့ သွားရောက်လေ့လာခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 04, 2021

၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ခိုင်မာစွာတွေ့ရှိထားသည့် မဲမသမာမှုများ၊ ဥပဒေ ဖောက်ဖျက်မှုများစသည့် အထောက်အထားများအရ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းခဲ့ပြီး ဖြစ်သည်။ ရွေးကောက်ပွဲရလဒ်ကို ဥပဒေနှင့်အညီ ဖျက်သိမ်းပြီးသောအခါ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အနက် နောက်ဆုံးလုပ်ငန်းစဉ်ဖြစ်သည့် “လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြန်လည် ကျင်းပပြီး အနိုင်ရသည့်ပါတီကို ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး” ဟူသော အရေးကြီးသည့်အချက်ကို ဆက်လက်ထမ်းရွက်နေပြီ ဖြစ်ရာ သတ်မှတ်ထားသော အချိန်ကာလအတွင်း ပြီးစီးရန် ဆောင်ရွက်နေသည်ကို တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 04, 2021

အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ကြသည့် အကြမ်းဖက်သမားများကို ဖော်ထုတ်ဖမ်းဆီးရမိသည့် သတင်းများနှင့်အတူ ကာယကံရှင် အကြမ်းဖက်သမားတို့၏ ဖွင့်ဟဝန်ခံချက်များကိုလည်း ရုပ်သံမီဒီယာများမှတစ်ဆင့် ပြည်သူတို့ တွေ့မြင်ကြားသိခွင့်ရခဲ့ကြသည်။ အကြမ်းဖက်မှုများ၏ နောက်ကွယ်မှ ကြိုးကိုင်သူများ၊ စေခိုင်းသူများသည် မည်သူမည်ဝါတို့ဖြစ်ကြောင်း၊ မည်သို့ ခိုင်းစေခဲ့သည်။ မည်သို့ကျူးလွန်ခဲ့သည်တို့ကို ၎င်းအကြမ်းဖက်မှုများအား ကာယကံမြောက် ကျူးလွန်ခဲ့သူတို့ကိုယ်တိုင်က ထုတ်ဖော်ပြောကြား ခဲ့ကြသည်။ အာဏာ လက်လွတ်ဖြစ်ခဲ့ရသည့် နိုင်ငံရေးသမားတို့က တက်ကြွသူ၊ ခံစားချက် ပြင်းထန်သူ၊ စွန့်စားသူလူငယ်တို့ကို နောက်ကွယ်မှ မြှောက်ပင့်ပေး၍လည်းကောင်း၊ လက်နက်ငွေကြေးတို့ ထောက်ပံ့ပေး၍လည်းကောင်း၊ အသိမှား အမြင်မှားတို့ဖြင့် ဝါဒမှိုင်းတိုက်၍လည်းကောင်း နည်းအမျိုးမျိုးသုံးကာ ၎င်းတို့၏ နိုင်ငံရေးလိုဘ များအတွက် လူငယ် လူရွယ်များကို စတေးခဲ့ကြခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 03, 2021

ကြက်သွန်နီ စိုက်ပျိုး ထုတ်လုပ်သူတောင်သူများနှင့် ကုန်သည် လုပ်ငန်းရှင်များအနေဖြင့် အကျိုးတူပူးပေါင်း ထုတ်လုပ်မှုနှင့် ဈေးကွက်အခြေအနေ ထိန်းညှိနိုင်ရေးကို ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ စက်ကိရိယာ အသုံးပြုခြင်း၊ စိုက်ပျိုးရေ စီမံခန့်ခွဲခြင်းနှင့် သွင်းအားစုကို စနစ်တကျသုံးစွဲ၍ စရိတ်လျှော့ချခြင်းနှင့် အထွက်နှုန်း ကောင်းမွန်ရေး နည်းပညာများ လိုက်နာ အသုံးပြုခြင်း စသည်တို့ကို စနစ်တကျလုပ်ကိုင်ဆောင်ရွက်ကြမှသာ ဈေးကွက် ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း၊ အရည်အသွေး မထိခိုက်စေရန် သိုလှောင်နိုင်သည့် အဆင့်မြင့် သိုလှောင်ရုံများ အသုံးပြုနိုင်ရေး၊ တန်ဖိုးမြှင့် ကုန်ချောများအဖြစ် ထုတ်လုပ် နိုင်ရေးအတွက် ရင်းနှီးမြုပ်နှံမှုများကို နိုင်ငံတော်အစိုးရက အားပေးဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 03, 2021

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် စက်တင်ဘာ ၂ ရက် နံနက်ပိုင်းတွင် တာဝန် ရှိသူများနှင့်အတူ မန္တလေးမြို့ ရွှေမန်းတောင် အားကစားကွင်းရှိ အားကစားသမားများ စခန်းဝင်လေ့ကျင့်နေထိုင်ရန် တည်ဆောက်ပြီးဖြစ်သော (၄) ထပ်ဆောင်နှင့် အားကစားသမားများကို ကျွေးမွေရန်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ ကိုလည်းကောင်း၊ ရွှေမန်းတောင် ဘောလုံးအားကစားကွင်းနှင့် ကွင်းစိမ်းလန်းစိုပြည်ရေး မြေအောက်ရေဂါလံ (၁၀၀၀၀) ဆံ့ ရေကန်နှင့် ဂါလံ (၃၂၀၀) ဆံ့ ပေ (၃၀) မြင့် ရေစင်တည်ဆောက်နေမှုကို လည်းကောင်း၊ အောင်မြေမန္တလာ ဘောလုံးကွင်းကို တိုင်း​ဒေသကြီးအဆင့် ဘောလုံးကွင်းအဖြစ် ပြန်လည်ပြုပြင် ပြင်ဆင်ဆောင်ရွက်နေမှုနှင့် အောင်မြေမန္တလာ မိုးလုံလေလုံအားကစားရုံကို လည်းကောင်း၊ ဗထူးအားကစားကွင်း ပြုပြင်ရေးလုပ်ငန်းများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 03, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို အများပြည်သူရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေး ကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေး အတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 03, 2021

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထု အနေဖြင့် -

ဆက်လက်ဖတ်ရှုရန်

Sep 03, 2021

တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ နတ်မောက်ရိပ်သာလမ်းနှင့် ဖိုးစိန်လမ်းထောင့်တွင်ရှိသည့် Two Two Five Hotel တွင် လောင်းကစားဝိုင်းများပြုလုပ်နေကြောင်း သိရှိရသည့်အတွက် သြဂုတ်လ ၃၁ ရက် ညနေ ၆ နာရီကျော်တွင် ဝင်ရောက်ဖမ်းဆီး ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 03, 2021

နေပြည်တော် PDF နဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားသည်ဆိုသည့် လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် သတင်းမှာ သတင်းမှား ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်