နေပြည်တော်၊ စက်တင်ဘာ ၄
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၃ ရက် နံနက် မွန်းတည့် ၁၂ နာရီတွင် ရှမ်းပြည်နယ် တောင်ကြီး အားကစားနှင့် ကာယပညာ(သိပ္ပံ)ကျောင်းရှိ စားရိပ်သာနှင့် သင်တန်းသား/ သင်တန်းသူများ ကျွေးမွေးရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။
ထို့နောက် အားကစားနှင့် ကာယပညာ(သိပ္ပံ)ကျောင်းရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ သင်တန်း သား/သင်တန်းသူများကို ရင်အုပ်မကွာစောင့်ရှောက်၍ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ဖြစ်အောင် ပြုစုပျိုးထောင်ကြရန် ပြောကြားပြီး သင်တန်းသား/သင်တန်းသူများ အိပ်ဆောင် (၃)ထပ်ဆောင်နှင့် ရေကူးကန် တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အားကစားနှင့်ကာယပညာ (သိပ္ပံ)ကျောင်းရှိ သင်တန်းသား/သင်တန်းသူများနှင့်တွေ့ဆုံ အမှာစကားပြောကြားရာတွင် ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းနှင့်အညီ နေထိုင်ပညာသင်ကြား အားကစားလေ့ကျင့်ရန် အရေးကြီးပါကြောင်း၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား ဖြစ်မြောက်ရေးအတွက် ကြိုးစားလေ့ကျင့်သွားရန် လိုအပ်ကြောင်း၊ သင်တန်းသား/သင်တန်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ အပါအဝင် ဘဝအာမခံရရှိရေးကို နိုင်ငံတော်က မူဝါဒချမှတ် စီစဉ်ဆောင်ရွက်နေပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ် တောင်ကြီးမြို့ ပြည့်သူ့အားကစားရင်ပြင်နှင့် အားကစားသမားများ အားကစားနည်းများအလိုက် ကစားနေမှုများကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် ပြည်နယ် ဝန်ကြီးများအားတွေ့ဆုံ၍ ရှမ်းပြည်နယ် အားကစားဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပြီး အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ် တောင်ကြီးအားကစားကွင်း Synthetic (ပြေးလမ်း)နှင့် ဘောလုံးကွင်း စိမ်းလမ်းစိုပြေရေး လုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးပြီး တောင်ကြီးမြို့ရှိ မိုးလုံလေလုံအားကစားရုံ၌ ရှမ်းပြည်နယ်အတွင်းရှိ ဝန်ထမ်းများအား တွေ့ဆုံ၍ ပေးအပ်သည့် လုပ်ငန်းတာဝန်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ တာဝန်ကို ကျေပြွန်အောင် ထမ်းဆောင်မှသာ မိမိတို့၏ အသင်းအဖွဲ့ မြို့နယ်/ခရိုင်/တိုင်း လုပ်ငန်းများ အောင်မြင်မည်ဖြစ် ကြောင်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အားကစားနည်း အလိုက် အားကစားသမားများ အားကစားလေ့ကျင့်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)