Skip to main content

Sep 05, 2021

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၂ ရက်နှင့် စက်တင်ဘာ ၃ ရက်တို့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား ၁၇၇ ဦး၊ အမျိုးသမီး ၁၅၃ ဦး၊ စုစုပေါင်း ၃၃၀ ဦး၊ ချင်းရွှေဟော်မြို့သို့ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၃ ဦး၊ လောက်ကိုင်မြို့သို့ ဝင်ရောက်လာသည့် အမျိုးသား ၁ ဦးကို လည်းကောင်း၊ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား ၁၂၃ ဦး၊ အမျိုးသမီး ၈၀ ဦး၊ စုစုပေါင်း ၂၀၃ ဦးတို့ကို အသီးသီး လက်ခံခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 05, 2021

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ ကုသရေး ဆေးရုံများ၌ ကျန်းမာရေးဝန်ထမ်းများ မလုံလောက်မှုကြောင့် ထပ်မံဖွင့်လှစ်ထားရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာန (ဖောင်ကြီး)တွင် တပ်မတော်မှ ပါဝင်ကူညီ ဆောင်ရွက်ရန်အတွက် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများ ပါဝင်သော အဖွဲ့က သွားရောက် တာဝန်ထမ်းဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 05, 2021

၂၀၂၁ခုနှစ်၊ ဩဂုတ်လ(၁၄)ရက်နေ့တွင် မီးရထားရဲတပ်ဖွဲ့မှ လုံခြုံရေးရဲတပ်ဖွဲ့ဝင် ၆ ဦးသည် လက်နက်/ခဲယမ်းများနှင့်အတူ အင်းစိန်-ရန်ကုန်-အင်းစိန်-လှော်ကား-အင်းစိန်မြို့ပတ်ရထားတွင် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိရာ ၎င်းတို့အား အလုံဘူတာနှင့် ပန်းလှိုင်အကြားတွင် အကြမ်းဖက် လက်နက်ကိုင်အဖွဲ့မှ ‌သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာရရှိကာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက် ၄ လက်နှင့် ခဲယမ်းအချို့ကို အကြမ်းဖက် လက်နက်ကိုင်အဖွဲ့က ယူဆောင်သွားသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ သည်။

ဆက်လက်ဖတ်ရှုရန်

Sep 05, 2021

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးတို့သည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ပြင်ဦးလွင်မြို့ အမှတ်(၁) တပ်မတော်ဆေးရုံ ခုတင်(၇၀၀)တွင် အရပ်ဘက်မှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသည့် လူနာများကို ကုသစောင့်ရှောက်ပေးခဲ့ကြ သည့် ဆရာဝန်၊ သူနာပြုနှင့် ဆေးဝန်ထမ်းများအား ဂုဏ်ပြုသည့် အခမ်းအနားသို့ ယနေ့နံနက် ၉ နာရီက ရောက်ရှိလာရာ အဆိုပါ ဆေးရုံမှ ဆေးရုံတပ်မှူး ဗိုလ်မှူးချုပ် မျိုးသန့်နှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 05, 2021

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြင်ညောင်ရှိ ရွှေတောင်သတ္တု တူးဖော်ရေးကုမ္ပဏီလီမိတက်၏ ထုံးကျောက်လုပ်ကွက်၊ အပါချီဘိလပ်မြေ စက်ရုံ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများ လိုက်နာ ဆောင်ရွက်ထားမှု အခြေအနေ တို့ကို ကွင်းဆင်းစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 05, 2021

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် စက်တင်ဘာ ၃ ရက် ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒုတိယကာကွယ်ရေးဝန်ကြီး Colonel General Alexander Vasilyevich Fomin နှင့် ကာကွယ်ရေးဝန်ကြီးဌာနတွင် တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 05, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စက်တင်ဘာ ၁ ရက်မှ ၁၀ ရက်အထိအား တစ်ဆက် တစ်စပ်တည်း အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြေညာထားသည်။ အလုပ်ပိတ် ရက်အတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်ခြင်းဖြင့် ကိုဗစ်ရောဂါ ကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်နိုင်ရေးဖြစ်သည်။ ကိုဗစ်တတိယလှိုင်း ကာလ၌ အလုပ်ပိတ်ရက်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ခြောက်ကြိမ်သတ်မှတ်ပေးခဲ့ပြီး ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 05, 2021

ပြည်သူလူထုအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး အမိန့်ကြေညာချက်များ၊ ညွှန်ကြားချက်များ၊ လုပ်ငန်းလမ်းညွှန်များအတိုင်းတိကျစွာ လိုက်နာဆောင်ရွက်သွားရန် အထူးအရေးကြီးကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်တိုက်တွန်းထားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 04, 2021

၂ဝ၂၁ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်တွင် ရန်ကုန် - အင်းစိန် မြိုပတ်ရထားပေါ်၌ အကြမ်းဖက် လက်နက်ကိုင်များ အငိုက်ဖမ်းပစ်ခတ်မှုကြောင့် လုံခြုံရေးတပ်ဖွဲဝင် ၄ ဦး ကျဆုံးကာ လက်နက်ခဲယမ်းအချို ဆုံးရှုးခဲ့မှုဖြစ်စဉ်နှင့် ပတ်သက်၍ ပြန်လည်ဖမ်းဆီး နှိမ်နင်းနိုင်ရေး ထိထိရောက်ရောက်ဆောင်ရွက်ခဲ့ရာ သတင်းဖော်ထုတ်ချက်အရ လုံခြုံရေးတပ်ဖွဲဝင်များသည်

ဆက်လက်ဖတ်ရှုရန်