Skip to main content

Apr 17, 2022

နှစ်ဟောင်းကနေ နှစ်သစ်ကိုကူးတဲ့ ဒီလိုအချိန်ခါမှာ ပြည်ထောင်စုအတွင်းမှာရှိတဲ့ တိုင်းရင်းသား ပြည်သူ ညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ၊ ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝကြပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်ခင်ဗျား။

ဆက်လက်ဖတ်ရှုရန်

Apr 17, 2022

ယနေ့သည် မြန်မာ့ရိုးရာသင်္ကြန်အတက်နေ့ နောက်ဆုံးနေ့ဖြစ်သည့်အတွက် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သင်္ကြန်မဏ္ဍပ်များတွင် ရေပက်ခံကားများ၊ ရေပက်ခံထွက်ကြသူများ၊ စတုဒိသာမဏ္ဍပ်များ၌ အကျွေးအမွေးပြုကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 17, 2022

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မဟာသင်္ကြန်ပွဲတော် နေပြည်တော် မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ် ပိတ်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ အဆိုပါ ရေကစားမဏ္ဍပ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 17, 2022

၁၃၈၃ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် အတက်နေ့ ဖြစ်သည့် ယနေ့တွင် ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ထမ်းမိသားစု သင်္ကြန်ပွဲတော်ကို နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီးရုံး၌ ကျင်းပရာ သင်္ကြန်ပွဲတော်သို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား ဒုတိယဝန်ကြီး ဦးရဲတင့် နှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့်ဇနီး၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများနှင့် မိသားစုဝင်များ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကသည်။

ဆက်လက်ဖတ်ရှုရန်

Apr 17, 2022

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ယနေ့ညနေပိုင်းတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် မြန်မာ့မီးရထား နေပြည်တော် ဘူတာကြီးနယ်မြေရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ရိုးရာမဟာသင်္ကြန် ရေကစားမဏ္ဍပ် ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 17, 2022

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် သင်္ကြန်အတက်နေ့အား ပဲခူးမြို့အတွင်း၌ ဧပြီ ၁၆ ရက်တွင် ဗဟိုမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်နှင့် အများပြည်သူ ရေကစားမဏ္ဍပ်များ၊ နေ့စဉ် စတုဒိသာမဏ္ဍပ်များဖြင့် အများပြည်သူ လုံခြုံချမ်းမြေ့ စိတ်အေးချမ်းသာစွာ အတာရေ သဘင်ပွဲဆင်နွှဲလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 17, 2022

ဆောက်လုပ်ရေးဝန်ကြီးဌာန၏ မြန်မာ့ရိုးရာအတာသင်္ကြန် မိသားစုရေသဘင်ပွဲတော်ကို ယနေ့ နံနက်ပိုင်းတွင် ရုံးအမှတ် ၁၁ ရှိ ဝန်ကြီးဌာန စုဝေးခန်းမကြီး၌ ဆက်လက် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 17, 2022

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မဟာသင်္ကြန်ပွဲ တော်အတက်နေ့ ယနေ့ညနေပိုင်းတွင် ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများသည် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအစဉ်အလာနှင့်အညီ ပိတ်ပွဲအခမ်းအနားကို နေပြည်တော်ရုံးအမှတ်(၃၈)ရှိ ဝန်ကြီးဌာန ရေကစားမဏ္ဍပ်၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 17, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်သည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ဦးဥတ္တမပန်းခြံရှေ့ရှိ မဟာသင်္ကြန် ဗဟိုမဏ္ဍပ်၌ ဌာနဆိုင်ရာ ယိမ်းအဖွဲ့များ၊ စစ်တွေတပ်နယ်မှ ယိမ်းအဖွဲ့များနှင့် ဖျော်ဖြေရေးအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေ နေမှုကို ကြည့်ရှုအားပေးပြီး ဗဟိုမဏ္ဍပ်ပိတ်ပွဲသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်