Apr 17, 2022
ယနေ့သည် မြန်မာနှစ်ဆန်း ၁ ရက်နေ့ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်မှ ၁၃၈၄ ခုနှစ်သို့ စတင်ကူးပြောင်းသောနေ့၊မင်္ဂလာရှိသောနေ့ ဖြစ်သည်။ နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသားပြည်သူများ ကောင်းမှုကုသိုလ်အထူးပွားများသော နေ့ဖြစ်သည်။ နှစ်သစ်ကိုကြိုလင့်၍ ကောင်းမှုကုသိုလ်များ ထုံမွမ်းနေသည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး မင်္ဂလာအပေါင်းနှင့်ဝေဆာနေသည်ကို ဝမ်းမြောက် မိပါသည်။
Apr 16, 2022
မြန်မာရိုးရာအတာသင်္ကြန်ပွဲတော် အတက်နေ့ဖြစ်သည့် ယနေ့တွင် အိန္ဒိယကောင်စစ်ဝန် Mr. Neeraj Kumar Consul General Consulate General of India, Mandalay နှင့် အဖွဲ့ဝင်များသည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ နန်းမြို့သူ ရေကစားမဏ္ဍပ်နှင့် အခြားရေကစားမဏ္ဍပ်များသို့ သွားရောက်လည်ပတ်၍ ရေကစားမှုများကို ကြည့်ရှုအားပေးကြပြီး အတာရေသဘင်ပွဲကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
Apr 16, 2022
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစု ရေကစားမဏ္ဍပ်ပိတ်ပွဲ အခမ်းအနားကို ယနေ့သ င်္ကြန်အတက်နေ့ နေ့လယ်ပိုင်းတွင် ကျင်းပပြုလုပ်သည်။
Apr 16, 2022
မြန်မာ့ရိုးရာ မဟာအတာသင်္ကြန်အတက်နေ့ဖြစ်သည့် ယနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေ းဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ပြင်ဦးလွင်တပ်နယ်ရှိ သင်တန်းကျောင်းများနှင့် တပ်ရင်း၊ တပ်ဖွဲ့များ၏ မိသားစုရေသဘင်မဏ္ဍပ်များ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၏ ပျော်ရွှင်စွာရေသဘင်ပွဲတော် ဆင်နွှဲနေမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။
Apr 16, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။
Apr 16, 2022
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေး အချိန်နှင့်တပြေးညီစီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ဧပြီ ၁ ရက်မှ ၁၆ ရက်အတွင်းနှာခေါင်းစည်း (Mask) (၂၆) တန် တင်သွင်းခဲ့ကြောင်း သိရသည်။
Apr 16, 2022
နေပြည်တော် ဧပြီ ၁၆
Apr 16, 2022
ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ် ပိတ်ပွဲအခမ်းအနားအား ယနေ့ သင်္ကြန်အတက်နေ့ ညနေ (၅) နာရီတွင်ကျင်းပသည်။
Apr 16, 2022
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန် အခမ်းအနားကို ယနေ့သင်္ကြန်အတက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ရုံးအမှတ်(၂၇)၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီကျင်းပသည်။
Apr 16, 2022
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အကြတ်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ယိမ်းအကအဖွဲ့များ၊ ခေတ်ပေါ်တေးဂီတအဖွဲ့များ၊ အတာရေသဘင်ပွဲဆင်နွှဲသူများဖြင့် စည်ကားသိုက်မြိုက်စွာ ဆက်လက်ဆင်နွှဲလျက်ရှိသည်။